Published 23 February 2022

သေဆုံးတော့မည့် လူတစ်ဦးရဲ့ ဦးနှောက်လှုပ်ရှားမှုကို လေ့လာကြည့်တဲ့အခါ မသေဆုံးခင်မှာ စွဲမက်စရာ လှုပ်ရှားမှုအခိုက်အတန့်ကလေးတွေကို အာရုံကြောသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိလိုက်ရပါတယ်။  ဒီတွေ့ရှိချက်ဟာ  လူတစ်ဦးသေဆုံးချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ထိုးထွင်းသိမြင်နိုင်လိုက်ပါတယ်။

သုတေသနပြုလုပ်နေစဉ်အတွင်း အာရုံကြောသိပ္ပံပညာရှင်တွေဟာ သေခါနီးအချိန်မှာ စည်းချက်ကျနေတဲ့ ဦးနှောက်လှိုင်းပုံစံဟာ အိပ်မက်မက်နေစဉ်၊ နောက်ကြောင်းပြန်သတိရစဉ်နှင့် တရားထိုင်နေစဉ်ဖြစ်ပေါ်နေတဲ့ ဦးနှောက်လှိုင်းတွေနှင့် ဆင်တူနေတာကိုတွေ့ရပါတယ်။

အဲဒါကြောင့် လူတွေဟာ သူတို့မျက်စေ့မှိတ်ပြီး မသေဆုံးခင်မှာ နောက်ကြောင်းပြန်သတိရတာတွေရှိတယ်ဆိုတဲ့ စဉ်းစားစရာတွေ ရရှိခဲ့ပါတယ်။

Frontiers in Aging Neuroscience ဂျာနယ်မှာ ဖော်ပြတဲ့ တွေ့ရှိမှုအသစ်တစ်ခုမှာ သေဆုံးနေချိန်အတွင်း ဒါမှမဟုတ် သေဆုံးမှုကိုပြောင်းလဲသွားပြီးနောက်မှာ ဦးနှောက်ဟာ ဆက်ပြီးလှုပ်ရှားနေပြီး အဆက်အစပ်ဖြစ်နေသေးနိုင်တာကို ပြဆိုခဲ့ပါတယ်။

အဲဒီသုတေသနလုပ်ငန်းကိုလုပ်ခဲ့တဲ့ အက်စတိုနီးယားနိုင်ငံ တာတူးတက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ ရောဗစ်ဆင်တီဟာ ဝက်ရူးပြန်ရောဂါဖြစ်နေတဲ့ အသက်၈၇နှစ်အရွယ် လူနာတစ်ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဗီဆင်တီနှင့်သူ့အဖွဲ့ဟာ အီးဂျီဂျီ(electroencephalography)စက်တပ်ဆင်ပြီး လူနာရဲ့အတက်ရောဂါကို စစ်ဆေးကုသနေခဲ့တာဖြစ်ပါတယ်။

အဲဒီလိုသူ့ရဲ့ဦးနှောက်လှိုင်းကိုဖမ်းယူထားနေတုန်း လူနာကွယ်လွန်ခဲ့တာပါ။

ဒီလိုမမျှော်လင့်တဲဖြစ်ရပ်ကြောင့် သိပ္ပံပညာရှင်တွေဟာ သေတော့မယ့်လူသားတစ်ဦးရဲ့ ဦးနှောက်လှုပ်ရှားမှုကို ပထမဆုံးအကြိမ်တွေ့မြင်ခွင့်ရလိုက်တာပဲဖြစ်ပါတယ်။

“ ကျွန်တော်တို့ဟာသေဆုံးချိန်ခန့်မှာ စက္ကန့်၉၀၀ကြာတဲ့  ဦးနှောက်လှုပ်ရှားမှုကို တိုင်းတာခဲ့ပါတယ်။အဲဒီနောက် နှလုံးမရပ်ခင် နှင့် ရပ်ပြီး ၃၀စက္ကန့်မှာ ဘာဖြစ်သလဲဆိုတာကို အာရုံစိုက်စူးစမ်းလေ့လာခဲ့တယ်” လို့ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ လူဝစ်ဗီလီတက္ကသိုလ်က အာရုံကြောသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အဂျီမာဇီမာက ပြောပါတယ်။

“ နှလုံးမရပ်ခင်ကလေးနှင့်ရပ်ပြီးသွားတဲ့နောက် ဂမ်မာလို့ခေါ်တဲ့ အာရုံကြောဆိုင်ရာ လှိုင်းအတက်အကျပုံစံမှာသာမက အခြားဒယ်လ်တာ၊သက်တ်သာ ၊အယ်လ်ဖာနှင့်ဘီတာလှိုင်းတွေမှာလည်း အပြောင်းအလဲတွေမြင်တွေ့ခဲ့ကြရပါတယ်” လို့ သူကပြောပါတယ်။

အဲဒီလှိုင်းအတက်အကျပုံစံကို ဦးနှောက်လှိုင်းတွေလို့ သိကြတာပါ။ အသက်ရှင်နေတဲ့လူသားဦးနှောက်တွေမှာ သက်ရောက်နေတဲ့ စည်းချက်ညီလှုပ်ရှားမှုတွေဖြစ်ပါတယ်။

ဂမ်မာအပါအဝင် လှိုင်းတက်ကျပုံစံအမျိုးမျိုးဟာ အာရုံစူးစိုက်ခြင်း၊အိပ်မက်မက်ခြင်း၊သတိရစရာပြန်ဖော်ခြင်း၊နှင့် သတင်းအချက်အလက်ရယူမှုအစဉ်နှင့် နောက်ကြောင်းပြန်သတိရခြင်းတွေနှင့်ဆက်စပ်တဲ့ အသိနိုးကြားမှုတွေနှင့် သက်ဆိုင်ပါတယ်။

ဒီတွေ့ရှိချက်ဟာ ဘဝတစ်ခုနိဂုံးချုပ်မှုအပေါ် ကျွန်တော်တို့နားလည်ခဲ့တာတွေကို ပြန်စိန်ခေါ်နေတယ်။ ပြီးတော့  ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းလှုဒါန်းရတဲ့ အချိန်ကိုက်သတ်မှတ်ချက်နှင့်ဆက်စပ်တာမျိုးအပါအဝင် အရေးကြီးတဲ့ နောက်ဆက်တွဲမေးခွန်းတွေလည်းပေါ်လာတယ်” လို့သူကပြောတယ်။

ဒါပေမယ့် သုတေသနတွေထပ်လုပ်ဖို့တော့လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လေ့လာခဲ့တဲ ဦးနှောက်က ထိခိုက်ဒဏ်ရာရပြီး တက်တဲ့ရောဂါ ရောင်ရမ်းနာရှိနေတဲ့လူနာဖြစ်နေတဲ့အတွက် အဲဒါရောဂါတွေအားလုံးက အချက်အလက်တွေကို အနက်ဖွင့်ဆိုရာမှာ ရှပ်ထွေးမှုရှိလို့ဖြစ်ပါတယ်လို့ သုတေသနပညာရှင်တွေက မှတ်သားထားကြပါတယ်၊

Source: daily express