Published 20 February 2022

မက္ကဆီကိုအနောက်ပိုင်း မီချိုအကန်ပြည်နယ် ကနေ အမေရိကန်ပြည်ထောင်စုကို ထောပတ်သီးတွေတင်ပို့နေမှု တစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ပြန်လည်တင်ပို့နေပြီဖြစ်ပါတယ်။ အမေရိကန်စစ်ဆေးရေးမှူးတွေရဲ့ လုံခြုံရေးကို အသေအချာ စီမံပြီးတဲ့နောက် ယခုလိုပြန်လည်တင်ပို့ခွင့်ပြုခဲ့တာလို့ အမေရိကန်အစိုးရက ပြောပါတယ်။

မီချိုအကန်ဟာ ကမ္ဘာပေါ်မှာ ထောပတ်သီး အများဆုံးထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။ အဲဒီထဲက ၈၅ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ပါတယ်။  ဒါပေမယ့် အဲဒီပြည်နယ်ဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု အများဆုံးထိခိုက်ခံရတဲ့ ပြည်နယ်လည်းဖြစ်နေပြန်ပါတယ်။

Source AFP