Published 13 Feb 2022

ပြင်သစ်ဘီယာကုမ္ပဏီတစ်ခုဟာ သဘာဝဆိုးဆေးဖြစ်စေတဲ့ ရေညှိတစ်မျိုးကိုအသုံးပြုပြီး သူတို့ချက်တဲ့ ဘီယာတွေကို အပြာရောင်ဘီယာတွေအဖြစ် အသွင်ပြောင်းပေးခဲကြတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်အရသိရပါတယ်။

အဲဒီဘီယာကို “ လိုင်း Line” လို့ အမှတ်တံဆိပ်အသစ်ပေးထားပါတယ်။ ဒါဟာ သဘာဝရေညှိတွေကို ဖြည့်စွက်အစားအစာတစ်ခု အဖြစ် လူကြိုက်များစေချင်တဲ့ ကုမ္ပဏီတစ်ခုနှင့် သူတို့ရဲ့ ဘီယာတွေကို အသွင်ကွဲပြားခြားနားလိုတဲ့ ဘီယာကုမ္ပဏီတစ်ခု တို့အကြားပူးပေါင်းဆောင်ရွက်မှုရဲ့ ရလာဒ်တစ်ခုဖြစ်ပါတယ်။

“ဒီဘီယာက ရောင်းကောင်းတယ်ဗျာ” လို့ အဲဒီဘီယာချက်လုပ်တဲ့ ဟောပီအာဘန်ဘီယာကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆက်ဘက်ရှန်းဗာဘီကီက ပြောပါတယ်။ “  ပြည်သူတွေဆီက စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်တွေ အတော်များများရရှိထား ပါတယ်” လို့ သူကဆက်ပြောပါတယ်။

အပြာရောင်ဆိုးဆေးဟာ သဘာဝရေညှိဖြစ်တဲ့ စပီရူလိုင်းနားလို့ခေါ်တဲ့ စိမ်းပြာရေညှိကနေရယူတာဖြစ်ပါတယ်။ အဲဒီစိမ်းပြာရေညှိကို ပြင်သစ်မြောက်ပိုင်းအီတစ်ကာစိမ်းပြာရေညှိကုမ္ပဏီက စိုက်ပျိုးထုတ်လုပ်တာပါ။  စိမ်းပြာရေညှိကနေ အပြာရောင်ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းကို ဖိုက်ကိုဆိုင်ယာနင်း phycocyanin လို့ခေါ်ပါတယ်။ဘီယချက်နေတဲ့ လုပ်ငန်းစဉ်ထဲမှာ အဲဒီဖိုက်ကိုဆိုင်ယာနင်းကို ထည့်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒီဘီယာအသစ်ကို မြည်းစမ်းကြည့်တဲ့ ဘီယာကုမ္ပဏီဝန်ထမ်း မက်သီလ်ဒီဗန်မန်ဆတ်က အပြာရောင်ဘီယာ” လိုက်” ဟာ ဗျစ်အရသာ၊ခပ်ဖျော့ဖျော့နှင့်သစ်သီးရနံရှိပြီး ရေညှိထည့်ထားတဲ့ သိသာတဲ့အထောက်အထားဆိုလို့ ထူးခြားတဲ့အရောင်ပဲရှိပါတယ်လို့ ပြောပါတယ်။

စိမ်းပြာရေညှိထုတ်လုပ်တဲ့ ကုမ္ပဏီက ဇာဗီးယားဒီလန်နွိုင်းက သူတို့ဟာ ကြိမ်ဖန်များစွာ စမ်းသပ်အပြီးမှာ ဘီယာကုမ္ပဏီက ဘီယာသောက်သူတွေကိုဆွဲဆောင်မယ့် အရောအနှောတစ်ခု ရှာဖွေတွေ့တယ်လို့ပြောပါတယ်။

မနှစ်က အောက်တိုဘာနှင့်ဒီဇင်ဘာအတွင်းဘီယာပုလင်းပေါင်း ၁၅၀၀ခန့်ရောင်းရတယ်လို့ပြောပါတယ်။အခုကုမ္ပဏီက ဝယ်လိုအားနှင့်ကိုက်ညီအောင် ထုတ်လုပ်အားမြှင့်တင်မယ်လို့ဆိုပါတယ်။

Source Reuters