#World_News
Published 27 May 2024


▪️ တနင်္ဂနွေနေ့က အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းရမ်မဲလ် ကျရောက်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကမ်းရိုးတန်း ဒေသတွေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်ခဲ့ကာ ဓာတ်တိုင်များ သစ်ပင်များပြိုလဲပြီးနောက် လူသန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲ ဖြစ်နေပါတယ်။

 

▪️ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ် မွန်ဂလာဆိပ်ကမ်း၊ အိန္ဒိယအနောက်ဘင်္ဂလားပြည်နယ်ရှိ ဆာဂါကျွန်းတို့ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီကို ၁၃၅ ကီလိုမီတာနှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဖော်ပြခဲ့ပါတယ်။

 

▪️ မုန်တိုင်းက တနင်္လာနေ့နံနက်ပိုင်းမှာ ဆိုင်ကလုန်းအဖြစ်သို့ အားနည်းသွားပြီး အရှေ့မြောက်ပိုင်းသို့ ရွေ့လျားသွားကာ တဖြည်းဖြည်း အားနည်းသွားတယ်လို့ နောက်ဆုံးတင်ပြထားပါတယ်။

 

▪️ တနင်္ဂနွေနေ့ည ၉ နာရီခန့်မှာ မုန်တိုင်းစတင်ဝင်ရောက်ခဲ့ပြီး ၅ နာရီခန့် ဆက်လက်တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


မုန်တိုင်းတိုက်နေစဥ် ကွန်ကရစ်တုံးပြုတ်ကျသဖြင့် ကလ္လက္ကတားမှာ လူတစ်ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

▪️ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန် မြင့်တက်ကာ ကမ်းရိုးတန်းအနိမ့်ပိုင်းမှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ လတ်တလောနှစ်များအတွင်း မုန်တိုင်းဒဏ်များ ခံစားနေရပါတယ်။

 

▪️ ဘင်္ဂလားဒေ့ရှ်ဟာ ထိုနေရာတဝိုက်မှ လူပေါင်း ၈ သိန်းကို မုန်တိုင်းခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းခဲ့ပြီး အိန္ဒိယမှာလည်း လူပေါင်း ၁၁၀၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားပါတယ်။

 

▪️ ဘင်္ဂလားဒေ့ရှ်က ဆိုင်ကလုန်းခိုလှုံရာနေရာပေါင်း ၈၀၀၀ နီးပါး ပြင်ဆင်ထားကာ လုပ်အားပေး ၇၈၀၀၀ ခန့် စေလွှတ်ထားသလို အိန္ဒိယရေတပ်ကလည်း သင်္ဘော၊ လေယာဥ်၊ ဆေးဝါးပစ္စည်းများ အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

 

▪️ နှစ်နိုင်ငံစလုံးမှာ ကြိုတင်သတိပေးနိုင်ခဲ့တာကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ပေမယ့် လျှပ်စစ်ဓာတ်အားပေး အပိုင်းမှာတော့ ထိခိုက်ခဲ့ပါတယ်။

 

▪️ လျှပ်စစ်ဓာတ်တိုင် ၃၅၆ တိုင်နဲ့ ထရန်စ်ဖော်မာအချို့ ပျက်စီးထားကြောင်း အနောက်ဘင်္ဂလားရှိ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။

 

▪️ ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှာ မိုးကြီးခဲ့ပြီး လမ်းမများ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ 

 

#Source: Reuters