၂၆ မေ ၂၀၂၄

ဒိုဟာမှ ဒပ်ဗလင်မြို့သို့ ပျံသန်းသော ကာတာလေကြောင်းလိုင်းပိုင် လေယာဉ်သည် ယနေ့ မေလ ၂၆ရက်နေ့ တွင် ပျံသန်းနေစဉ် လေပွေကြမ်းမိသဖြင့် လေယာဉ်အမှုထမ်း(၆)ဦးအပါအဝင် လူ ၁၂ ဦးဒဏ်ရာရရှိသွား ပါတယ်။ လန်ဒန်မှစင်္ကာပူပျံသန်းသည့် စင်္ကာပူလေကြောင်းလိုင်းလေယာဉ် လေပွေကြမ်းမိပြီး ခရီးသည် တစ်ဦးသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အပြီး (၅)ရက်အကြာတွင်ကာတာလေကြောင်း လေယာဉ်လည်း အလားတူကြုံခဲ့ရခြင်းဖြစ်ပါတယ်။

ကာတာလေကြောင်းလိုင်းလေယာဉ်သည် တူရကီနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် လေပွေကြမ်းမိခဲ့ သဖြင့် ခရီးသည်(၆)ဦးနှင့် လေယာဉ်အမှုထမ်း(၆)ဦးတို့ ဒဏ်ရာရရှိခဲ့ကြတာလို့ ဒပ်ဗလင်လေဆိပ်က “ အိတ်စ်” ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

“ ဒိုဟာမှပျံသန်းလာသော ကာတာလေကြောင်းလိုင်း ခရီးစဉ်အမှတ် QR017သည် တနင်္ဂနွေနေ့ မွန်းလွဲ (၁)နာရီမတိုင်မီတွင် သတ်မှတ်ထားသည့် အချိန်အတိုင်း ဒပ်ဗလင်လေဆိပ်သို့  ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ဆင်းသက်သည့်အခါ လေဆိပ်ရဲနှင့် ကျွန်ုပ်တို့၏ မီးသတ်နျင့်ကယ်ဆယ်ရေးဌာန အပါအဝင်အရေးပေါ်လုပ်ငန်းဌာနများက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ တူရကီအပေါ်မှ ပျံသန်းနေစဉ် လေပွေကြမ်းမိသဖြင့် ခရီးသည်(၆)ဦးနှင့် လေယာဉ်ဝန်ထမ်း(၆)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟုသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒပ်ဗလင်လေဆိပ်အဖွဲ့ကလည်း မြေပြင်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်းများကို လိုအပ်သည်များ ကူညီစောင့်ရှောက်မှုပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Source NDTV&X(Twitter)