၂၁ မေ ၂၀၂၄

လန်ဒန်မှပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင်ခရီးသည်တင်လေယာဉ်သည် အလွန် ပြင်းထန်တဲ့လေတွေကြောင့်  ယနေ့ မေလ ၂၁ရက် ညနေပိုင်းက ဘန်ကောက်ကိုအရေးပေါ်ဆင်းသက်စဉ် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။

သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုတွေ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာတော့ မသိကြရသေးပါဘူး။

ထိခိုက်ဒဏ်ရာရရှိသူ ၃၀ရှိတယ်လို့ ထိုင်းမီဒီယာတွေကရေးသားကြပေမယ့် စင်ကာပူလေကြောင်းလိုင်းက ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာ ထုတ်မပြောပါဘူး။

ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်အရာရှိတစ်ဦးကလည်း သေဆုံးသူတစ်ဦးရှိတယ်လို့အတည်ပြုပေမယ့် ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာကိုတော့ အတည်ပြုမပေးပါဘူး။

စင်ကာပူလေကြောင်းလိုင်း ဘိုအင်း 777-300ER လေယာဉ်ဟာ ခရီးသည် ၂၁၁ ဦး ၊လေယာဉ်အမှုထမ်း၁၈ဦးနှင့် အတူ လန်ဒန်မှပျံသန်းလာတာဖြစ်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းနေရင်း ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

“ ကျွန်ုပ်တို့ရဲ့ ဦးစားပေးက လေယာဉ်ပါ ခရီးသည်တွေနှင့်လေယာဉ်အမှုထမ်းတွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ဖြစ်တယ်” လို့ စင်ကာပူလေကြောင်းက သတင်းထုတ်ပြန်ပါတယ်။

“လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဘန်ကောက်အာဏာပိုင်တွေနှင့်အလုပ်လုပ်နေပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စင်ကာပူလေကြောင်းလိုင်းရဲ့ နောက်ဆုံးမတော်တဆမှုဟာ ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတုန်းက တိုင်ဝမ်ကနေ ပျံအတက်ပျက်ကျခဲ့ပြီးလူပေါင်း ၈၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source Reuters