Published 27 March 2024

လူသားဆဲလ်တွေထဲက HIV ကူးစက်မှုကို သိပ္ပံပညာရှင်များက CRISPR နည်းပညာအသုံးပြုပြီး ဖယ်ရှားနိုင်ပြီလို့ BBC က ဖော်ပြထားပါတယ်။

အဆိုပါ မျိုးဗီဇဖြတ်တောက်ပြုပြင်တဲ့ နည်းပညာဟာ ၂၀၂၀ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိခဲ့ပြီး ဆဲလ်တွေထဲမှာ မျိုးဗီဇကက်ကြေး သဘောမျိုး အသုံးပြုတာဖြစ်ကာ မကောင်းတော့တဲ့ အပိုင်းအစများကို ဖယ်ရှားရန် ဒီအင်န်အေတွေကို ဖြတ်တောက်ရတာ ဖြစ်ပါတယ်။

HIV ဗိုင်းရပ်စ်က လူသားရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တာဖြစ်ပြီး မကုသဘဲထားပါက AIDS ရောဂါဖြစ်လာနိုင်ကာ
ကုသနည်းမရှိပါဘူး။

လက်ရှိကုသဆေးတွေက ဗိုင်းရပ်စ်တိုက်ခိုက်မှု ရပ်တန့်နိုင်ပေမယ့် မရှင်းလင်းနိုင်သေးပါဘူး။
CRISPR နည်းပညာဖြင့် HIV ကူးစက်နေတဲ့ အပိုင်းအစကို ဖယ်ရှားဖို့က အကျိုးပြုနိုင်ပေမယ့် ဆဲလ်တွေထဲသို့ ထည့်သွင်းဖို့နည်းလမ်းကတော့ ခက်ခဲနေဆဲဖြစ်ပြီး နောက်ထပ်လေ့လာမှုများ လိုအပ်နေသေးတယ်လို့ နော်တင်ဂမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာဂျိမ်းစ်ဒစ်ဆွန်က ပြောပြသွားပါတယ်။

ဆဲလ်တွေအများကြီးထဲမှာ ရှိနေတဲ့ HIV တွေကို ဖယ်ရှားဖို့က ခက်ခဲလိမ့်မယ်လို့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျိုနသန်စတွိုင်းက ဆိုပါတယ်။

ဘေးနားက အကောင်းအတိုင်းရှိနေတဲ့ ဆဲလ်တွေအပေါ် သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာဖြစ်ပြီး CRISPR နည်းပညာကို အခြေခံအသုံးပြုနိုင်ဖို့ဆိုရင် နှစ်တွေကြာဦးမှာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

#Source: India Today.
#World_Health
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group