Published 14 January 2024

နေစကြဝဠာအဖွဲ့အစည်း အပြင်ဘက်ကနေ လည်ပတ်နေတဲ့ ရာနဲ့ချီတဲ့ဂြိုဟ်တွေမှာ စိန်မိုးရွာနိုင်ခြေမြင့်မားတယ်လို့ စမ်းသပ်ချက်အသစ်မှာ တွေ့ရှိထားပါတယ်။

ဒါဟာ အဆိုပါဂြိုဟ်တွေရဲ့ ဗဟိုချက် နက်ရှိုင်းလှတဲ့နေရာမှာ ကာဗွန်ဒြပ်ပေါင်းတွေ အပူချိန်အလွန်နိမ့်ပါးစွာဖြင့် ဖိသိပ်ခံရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

မွန်ဂိုဖရော့စ်နဲ့ အဖွဲ့သားများက ကယ်လီဖိုးနီးယားရှိ SLAC ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက် ပြုလုပ်ရာမှာ ယူရေးနပ်စ်နဲ့ နက်ပ်ကျွန်းလိုမျိုး ရေခဲထုဂြိုဟ်တွေမှာ စိန်မိုးရွာတာ သာမန်ဖြစ်ရပ်ဖြစ်နေနိုင်တယ်လို့ သိရပါတယ်။

စမ်းသပ်ချက်အများစုကို ဖိသိပ်ခြင်းနည်းလမ်းအပေါ် အခြေခံပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဂြိုဟ်တွေပေါ်မှာ ဖိသိပ်ကာဗွန်အခြေအနေကို လေ့လာဖို့အတွက် တည်ငြိမ်တဲ့ဖိသိပ်ခြင်းကို အသုံးပြုရပါတယ်။

သုတေသီအဖွဲ့က ပိုလီစတိုင်ရင်းကို စိန် ၂ လုံးကြားထားပြီး ညှစ်လိုက်ကာ အိတ်စ်ရေးရောင်ခြည်ဖြင့် ထိတွေ့စေပြီးနောက် အပူချိန် ၂၂၀၀ ဒီဂရီဆဲလ်စီးယပ်စ်နဲ့ ဖိအား ၁၉ ဂစ်ဂါပါစကယ်ဝန်းကျင်မှာ ပိုလီစတိုင်ရင်းကနေ စိန်များဖြစ်ပေါ်လာပြီး ဒီအခြေအနေတွေဟာ ယူရေးနပ်စ်နဲ့ နက်ပ်ကျွန်းတို့မှ ပုံစံတွေနဲ့ ဆင်တူနေပါတယ်။

အဆိုပါ ဖိအားဟာ အစောပိုင်းက ရွေ့လျားဖိသိပ်ခြင်းသုံးကာ စိန်ဖြစ်ပေါ်ရန် လိုအပ်တဲ့ ဖိအားထက် များစွာနည်းပါးနေသလို ဓာတ်ပြုဖို့ကလည်း အချိန်ပိုမိုကြာရှည်နေပါတယ်။

ဂြိုဟ်ငယ်အများအပြားမှာ စိန်မိုးရွာတာ ဖြစ်နိုင်ခြေရှိတယ်လို့ ကောက်ချက်ချထားကြပြီး ပြင်ပဂြိုဟ်ပေါင်း ၅၆၀၀ ခန့်မှာ ၁၉၀ ကျော်လောက်က စိန်မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

နေစကြဝဠာအတွင်းမှာတော့ စိန်တွေက ယခင်ထင်ထားတာထက် တိမ်ပါးတဲ့အနက်မှာ ဖြစ်ပေါ်တဲ့သဘော ဖြစ်ပါတယ်။
Source: WION
#World_Science
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times