Published 12 September 2023

မူရှ်တက်မိုဟာမက်နဲ့ ခွဲစိတ်ရေးအဖွဲ့ဟာ ခွဲစိတ်မှုတစ်ခု ပြုလုပ်စဥ် မမျှော်လင့်တဲ့ ဖြစ်ရပ်ဆန်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပြီး ၁၀ လသားအရွယ် ကလေးတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲမှာ သန္ဓေသားတစ်ခုကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဆန်းက နားလည်ဖို့ခက်ခဲပေမယ့် အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ ရပါတယ်။

ထိုကလေးဟာ အချိန်ကြာရှည်စွာ  ဗိုက်နာခြင်းဝေဒနာကို ခံစားနေရတာကြောင့် မိဘတွေက ပါကစ္စတန်မှ ဆာဒီကဘက်ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပါတယ်။

စမ်းသပ်မှု အများအပြား ပြုလုပ်ပြီးနောက် ကလေးရဲ့ဝမ်းဗိုက်မှာ အကျိတ်တစ်ခုတွေ့ရှိကာ ခွဲစိတ်ကုသပြီး သက်သာအောင် လုပ်ပေးနိုင်မယ်လို့ ဆေးကုသမှုအဖွဲ့က ယုံကြည်ခဲ့ကြပါတယ်။

ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာ ရင်ခွင်ပိုက်အရွယ်ကလေးရဲ့ ဗိုက်ထဲမှာ မွေးကတည်းက အကျိတ်ဖြစ်ပေါ်နေပြီး  အလွန်အမင်း နာကျင်စေတာဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ခွဲစိတ်မှုက လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်ခဲ့ပေမယ့် နောက် ၂ နာရီလောက် ကြာတဲ့အခါမှာတော့ ဒါဟာ အကျိတ်မဟုတ်ဘဲ သန္ဓေဖြစ်တည်မှုအဆင့်အတွင်း ကလေးရဲ့ဗိုက်ထဲမှာ နောက်ထပ်အမြွှာသန္ဓေသားတစ်ခုက ပိတ်မိနေတာဖြစ်ကြောင်း၊ ဒါကို သန္ဓေသား မပေါ်လွင်ခြင်းလက္ခဏာလို့ ခေါ်ဆိုကြောင်း ခွဲစိတ်ဆရာဝန်ကြီးရဲ့ ပြောကြားချက်ကို The Sun က ဖော်ပြခဲ့ပါတယ်။

ကလေးရဲ့ ဝမ်းဗိုက်နာကျင်ခြင်းကို သက်သာစေဖို့ နည်းလမ်းအမျိုးမျိုးဖြင့် ကုသခဲ့ပေမယ့် တစ်ခုမှ ထိရောက်မှုမရှိခဲ့ဘူးလို့ ကလေးရဲ့အဖေက ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဒီလိုမျိုးဖြစ်ရပ်က မွေးဖွားမှု ၅ သိန်းမှာ ၁ ယောက်နှုန်းခန့် ဖြစ်နိုင်ချေရှိတယ်လို့ ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times