Published 12 April 2023

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် XBB1.16 ကြောင့် ပြီးခဲ့တဲ့ရက်များအတွင်း ကိုဗစ်ကူးစက်ခံရသူတွေ ရုတ်တရက် များပြားလာနေပါတယ်။ မြင့်တက်မှုတွေဟာ ဧပြီ ၁၂ရက် ယနေ့အထိဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး တစ်ရက်တည်းကို ကူးစက်ခံရသူပေါင်း ၇၈၃၀ ဦးရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာ ၁ရက်က တစ်ရက် တည်းကူးစက်ခံရသူ ၇၉၄၆ ဦးရှိခဲ့တဲ့အတွက် ယခုမြင့်တက်မှုဟာ ရက်ပေါင်း ၂၂၃ ရက်အတွင်း အမြင့်မား ဆုံးဖြစ်နေပါတယ်။

“XBB 1.16 ဟာ ကလေးငယ်တွေနှင့်လူကြီးတွေအကြား ကူးစက်မှုမြင့်မားနေရခြင်းရဲ့ အရင်းခံအကြောင်းရင်းဖြစ်တယ်။ ဒီ မျိုးကွဲဟာ ခုခံအားစနစ်ကို လွတ်မြောက်နိုင်ပြီး အဲဒီစနစ်ထဲထိုးဖောက်နိုင်တယ်။  အရင် ကိုဗစ်လှိုင်းတွေတုန်းက ကူးစက်ခံ ရသူတွေ၊ ကာကွယ်ဆေးထိုးနှံပြီးသား ဆယ်ကျော်သက်တွေနှင့် လူကြီးတွေလည်း ကူးစက်ခံရနိုင်တယ်” လို့ ဆာဂင်္ဂါရမ် ဆေးရုံရဲ့ ဝါရင့် ကလေးအထူးကုဆရာဝန် ဒေါက်တာဒီရင်ဂူပတာက ပြောပါတယ်။

XBB 1.16 ဟာ ကူးစက်မှုအလွန်မြင့်မားပြီး အရင်မျိုးကွဲတွေထက်တောင် ပြင်းထန်တယ်လို့လည်း သူကပြောပါတယ်။

Source WION

#အိန္ဒိယကိုဗစ်ကူးစက်မှုမြင့်တက်လာနေ

#XBB 1.16

#YangonMediaGroup