#DailyNews
Published - 5 Mar 2022
၁။ နေပြည်တော်-စစ်တွေ လေကြောင်းလိုင်းပြေးဆွဲပြီ။
၂။ ရေအောက်လျှပ်စစ်ပိုက်လိုင်းလုပ်ငန်းများတစ်ပတ်ခန့်ကြာလုပ်ဆောင်နေစဉ် လက်ရှိလျှပ်စစ်ပေးဝေနေမှုထက် လျော့ကျသွားမည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြည်ပမှဝယ်လိုအားလျော့ကျလာခြင်းကြောင့် တရုတ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအားနည်းလာကာ ပြည်တွင်းထုတ်လုပ်သုံးစွဲမှုကိုအားထားလာရ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published - 5 Mar 2022
၁။ မြန်မာနိုင်ငံသို့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ပါက တွေ့ဆုံနိုင်ရန် PPST အဖွဲ့ဝင်တစ်ခုချင်းစီတက်ရောက်နိုင်ရေး နစက အကြောင်းကြား
၂။ ရခိုင်ပြည်နယ်က စစ်တွေ ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို မတ်လအတွင်း ပြေးဆွဲမည်
၃။ မိုးလေဝသ သတင်း
၄။ တူရကီတွင်ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေမှုကြောင့် အိမ်ငှားခများအဆမတန်မြင့်တက်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published - 4 Mar 2022
၁။ လျှပ်စစ်ဓာတ်ကြိုးများကို ဖြတ်တောက်ဖျက်ဆီးခိုးယူသူများအား စောင့်ကြည့်သွားမည်။
၂။ လူမှုကူညီရေး ပရဟိတအသင်းများအနေနဲ့ ရေရှည်ရပ်တည်ဖို့မလွယ်ကူသည့် အခြေအနေနဲ့ကြုံနေရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အီရတ်နိုင်ငံမှကျန်ရှိနေသေးသော ဂျူးလူမျိုးဝင်များ၏နောက်ဆုံးအမွေအနှစ်များ ပပျောက်တော့မည့်အန္တရာယ်နှင့်ကြုံတွေ့နေရ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published - 3 Mar 2022
၁။ ကျောက်တူးခွင့်ပိတ်ထားသည့်ကြားမှ ဖားကန့်မြေစာပုံပြိုကျမှုဖြစ်ပွားဟု ဒေသခံများပြော
၂။ တရုတ်-မြန်မာ နယ်စပ်ဂိတ်များအားလုံး ပြန်ပိတ်သွားပြန်
၃။ မိုးလေဝသ သတင်း
၄။ ဗင်နီဇွဲလားပန်းချီဆရာတစ်ဦး ကမ္ဘာလှည့်သွားလာ၍ ကလေးတွေကိုပန်းချီပညာသင်ကြားပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published - 2 Mar 2022
၁။ ငွေကျပ် သိန်း ၁၂၀ ခန့်ဖြင့် စက်မှုဇုန်ထုတ် လျှပ်စစ်ကားများဝယ်နိုင်ပြီ။
၂။ အဝေးပြေးယာဉ်များ အချိန်ထပ်တိုးပြေးဆွဲလာကြ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အော့စ်ကာဆုပေးပွဲအတွက် ပထမဆုံးအကြိမ်အဖြစ် ဘူတန်နိုင်ငံကရုပ်ရှင် ဆန်ခါတင်စာရင်းဝင်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 28 February
စင်္ကာပူနိုင်ငံမှာ ၁၀နှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအဖြစ် ၂.၄ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့က အွန်လိုင်းကနေတစ်ဆင့်ဖြန့်ဝေခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထောင်တက်လာနေတဲ့ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဟန့်တားနိုင်ဖို့အတွက် ငွေကြေးအာဏာပိုင်အဖွဲ့ဟာ လေးလအတွင်း ငွေကြေးမူဝါဒကို နှစ်ကြိမ်တိုင်တင်းကျပ်ခဲ့တယ်လို့ အဖွဲ့က သိပ်မကြာသေးခင်က ပြောထားပါတယ်။
ဟောကာစင်တာတွေလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေဟာ စင်ကာပူနိုင်ငံသား အောက်ခြေလူတန်းစာတွေ အတွက်ပါ။ ဒေသခံတွေဟာ အဲဒီမှာ စုရုံးကြပြီး စားဖွယ်ရာတွေ စားသောက်ကြပါတယ်။ လက်ဖက်ရည် ကော်ဖီ သောက်ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နှင့် နှိုင်းယှဉ်ရင် ဟောကာစင်တာတွေက အစားအသောက်ဈေးတွေဟာ သူတို့မျှော်လင့်ထားတာထက် ပိုပြီး ဈေးတက်လာနေပါတယ်။
“ ခေါက်ဆွဲစားမှာလား အသားစာမှာလား။ ဟောကာစင်တာထဲ ဝင်စားကြည်တဲ့အခါ ဈေးနှုန်းတွေက ကြောက်စရာ ကောင်းအောင်တက်နေတာသိရလိမ့်မယ်။ အခုဆို ဆင့်၅၀ ဒါမှမဟုတ် တစ်ဒေါ်လာလောက်တက်နေပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကံကောင်းထောက်မစွာပါပဲ။ အခုထက်ထိတော့ ထောက်ပို့မှုက ဖြတ်တောက်သွားတာတော့မရှိသေးဘူး။ ပင်လယ်ရပ်ခြားက တင်သွင်းတဲ့ ပစ္စည်းအများစုကတော့ ယခုထက်ထိရနေသေးတယ်။ ဒါပေမယ့် ဈေးကတော့ အများကြီး တက်သွားပြီ” လို့ တန်လော့ခ်အုပ်စုရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်တဲ့ အင်ဒရူး တီဂျိုးကပြောပါတယ်။
လျှပ်စစ်ဓာတ်အားခ၊ကုန်ကြမ်းနှင့် လုပ်အားခတွေဈေးတက်လာတာက နေစဉ်မရှိမဖြစ်သုံးရတဲ့ ပစ္စည်းတွေနှင့် စားသောက်ကုန်ဈေးတွေကို မြင့်တက်လာစေပါတယ်။ လတ်တလောမှာ ကမ္ဘာ့ရေနံစိမ်းဈေးတွေတက်လာတာကြောင့် ဇန်နဝါရီ၃၁ရက်ကစပြီး ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းတွေ ၂၅ရာခိုင်နှုန်းမြင့်တက်လာလို့ ခရီးသွားတဲ့ ပြည်တွင်းကသူတွေ အတွက် ကုန်ကျစရိတ်တွေမြင့်တက်မှုနှင့်ကြုံနေကြရတာဖြစ်ပါတယ်။
အဲဒီအပြင် တစ်ပတ်ရစ်အိမ်ခန်းတွေနှင့် အများပိုင်အိမ်ရာတွေရဲ့ ဈေးနှုန်းတွေကလည်း စင်္ကာပူမှာ ၁၀.၆ရာခိုင်နှုန်းကနေ ၁၂.၇ ရာခိုင်နှုန်းအထိ တက်လာနေပါတယ်။ မနှစ်ကထက်စာရင် အများကြီးမြင့်တက်လာတာဖြစ်ပါတယ်။
Source CMG
- Category: World
#DailyNews
Published - 28 Feb 2022
၁။ ထိုင်းနိုင်ငံသို့ အသက်အန္တရာယ်များသည့် ခိုးဝင်ရောက်မှုမပြုလုပ်ရန် JACBA သတိပေး
၂။ အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ တမူးမြို့တွင် ကိုဗစ်လူနာ ၆ ဦးသာကျန်ရှိ
၃။ မိုးလဝေသ သတင်း
၄။ အစ္စလာမ်အကြမ်းဖက်တွေဖျက်ဆီးခဲ့သည့် အီရတ်ရှေးဟောင်းမြို့မှ ပြုပြင်မွမ်းမံခြင်းလက်ရာများ
ဖော်ထုတ်ပြသ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar