ဧရာဝတီတိုင်းဒေသကြီး၊ ငွေတောင်ကမ်းခြေသို့တစ်လတာအတွင်း ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 11 April 2024
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ
#YMG/NN #Yangon_Times
- Category: Myanmar
တရုတ်နိုင်ငံကို တရားဝင်လုပ်သားစေလွှတ်နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီး စေလွှတ်ရေးကိစ္စများကိုသာ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ရတော့မှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံက သိရပါတယ်။
#Local_News
Published 11 April 2024
#မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု #(MOEAA)
#YMG/LW #Yangon_Times
- Category: Myanmar
အပူချိန်(၃၇)ဒီဂရီဆဲဆီးယပ်ကျော်ရင် လူ့ခန္ဓာကိုယ်က သွေးလည်ပတ်မှုမမှန်တော့ဘဲ ခန္ဓာကိုယ်တွင်းရှိသွေးကြောတွေပြတ်နိုင်တယ်။ နေအပြင်းဆုံး နေ့ခင်းနေ့လည်မှာ နေရောင်တိုက်ရိုက်ကြတဲ့နေရာတွေမှာသွားလာနေထိုင်မိရင် ဦးနှောက်သွေးကြောနဲ့ ခန္ဓာကိုယ်တွင်းရှိသွေးကြော တွေပြတ်ဖိုများတဲ့အတွက် နေအိမ်အခန်းတွင်းနဲ့အရိပ်ရနေရာတွေမှာသာနေထိုင်ဖို့လိုတယ်။
(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ သန်းစိန်)
#Local_News
Published 11 April 2024
#ခန္ဓာကိုယ်တွင်းသွေးကြောများပြတ် #အသက်ဆုံးရှုံးနိုင်
#tthl #Yangon_Times
- Category: Myanmar
ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ
မကြာသေးမီက ဂျပန်လေ့လာချက်တစ်ခုအရ တိုကျိုမှ နေရာ ၂၁ နေရာမှာ ပါဖလိုရိုအယ်လ်ကိုင်းနဲ့ ပိုလီဖလိုရိုအယ်လ်ကိုင်း (PFA)ပစ္စည်းများက စံညွှန်းသတ်မှတ်ချက်ကို ကျော်လွန်နေကာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။
#Asia_Health
Published_ 10 April 2024
#PFA ဓာတုပစ္စည်း #ဂျပန်နိုင်ငံရှိနေရာအများစု
#Yangon_Times #YMG_News #Yangon_Media_Group
- Category: World
#Daily_News
Published_ 10 April 2024
၁။ နေ့အပူချိန်ပြင်းနေသည့် ရန်ကုန်အပါအဝင် ဒေသ(၁၀)ခု၌ မိုးထစ်ချုန်းရွာမည်
၂။ စက်သုံးဆီဈေးငြိမ်နေသော်လည်း ဝယ်လိုအားများနေဟုဆို
၃။ ဇီးဝဇိုးဌက်သိုက် ခိုးယူခံရမှုများလာသဖြင့် ငှက်အိမ်ဆောက်လုပ်မှုတွင် လုံခြုံရေးအတွက်ပါထည့်သွင်းဆောက်လုပ်လာရဟုဆို
၄။ ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
နှစ်ဆန်းတစ်ရက်နေ့ဧပြီ(၁၇)ရက်ကလွဲလို ကျန်နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေမှာ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဖို့ အချိန်ပို (Overtime) လျှောက်ထားပါက ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။
#Local_News
Published_ 10 April 2024
#ပို့ကုန်/သွင်းကုန်ပစ္စည်း #သင်္ကြန်ပိတ်ရက်
#tthl #Yangon_Times
- Category: Myanmar
သင်္ကြန်ကာလနီးသော်လည်း ဈေးအကျဘက် တွင်သာရှိနေပါတယ် ကွမ်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးကုန်ကျစရိတ်တွေဟာ ယမန်နှစ်ထက် ပိုမိုကုန်ကျပေမယ့် ကွမ်းဈေးမှာ ဈေးကျနေတာကြောင့် စိုက်စရိတ်ရပေမယ့် လုပ်အားခအရှုံးပေါ်တဲ့ အနေထားဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 10 April 2024
#ကွမ်းဈေးအကျ #လုပ်အားခအရှုံးပေါ်
#YMG/LW #Yangon_Times
- Category: Myanmar