#Daily_News
Published_ 12 April 2024
၁။ ရှမ်းရှေ့လမ်းကြောင်းမှ မြန်မာ့သရက်တရုတ်သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအား နှစ်ဖက်ညှိုနှိုင်းပေါင်းစပ်အဖြေရှာနေ
၂။ သင်္ကြန်တွင်း YBSယာဉ်စီးခပိုတောင်းသူ၊ မူးပြီးမောင်းသူများအားယာဉ်မောင်းခွင့်ပိတ်သည်အထိ အရေးယူမည်
၃။ ရှမ်းပြည်ထွက်ကုန်စိမ်းများ ရန်ကုန်ဈေးကွက်တွင် အရောင်းအေးသော်လည်း ယခင်ထက် ၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
၄။ ဂျပန်နှင့်အမေရိကန်စစ်ရေးပူးပေါင်းဆောင်ရွက်ဦးမည့်အစီအစဉ်အား ဂျပန်ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန််မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးမှာ အသစ်ဖွင့်လှစ်တော့မယ့် ဈေးရုံ အမှတ် ၅ ကို လာမယ့် မေလ ၁ရက်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 12 April 2024
#တညင်းကုန်းလက်ကားဈေးကြီး #ကံစမ်းမဲအစီစဉ်များလဲပါရှိ
#YMG/LW #Yangon_Times
- Category: Myanmar
ပြီးခဲ့တဲ့လဆန်းပိုင်းကအနည်းငယ်ကျဆင်းသွားတဲ့ မတ်ပဲဈေးနှုန်းတွေ အခုရက်ပိုင်းအတွင်း ပြန်တက်နေပြီး အိန္ဒိယဝယ်လို
အားရှိနေတာကြောင့် ဈေးဆက်ကောင်းနိုင်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published_ 12 April 2024
#မတ်ပဲဈေးပြန်တက်လာ #အိန္ဒိယဝယ်လိုအားရှိ
#YMG/NN #Yangon_Times
- Category: Myanmar
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကုန်စိမ်းတွေဟာ သင်္ကြန်ကာလနီးပေမယ့် ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်အေးနေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ဈေးနှုန်းတွေကတော့ ယခင်ရက်တွေထက်ပစ္စည်းတစ်ခုလျှင် ၃၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 12 April 2024
#ရှမ်းပြည်ထွက်ကုန်စိမ်း #၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
#YMG/LW #Yangon_Times
- Category: Myanmar
သင်္ကြန်တွင်းYBS ယာဉ်စီးခပိုတောင်းသူတွေကို YRTC သို့တိုင်ကြားနိုင်ပြီး YBS ယာဉ်မောင်းခွင့်ယာယီပိတ်တဲ့အထိ အရေးယူမှာဖြစ်တယ်။ မူးပြီးမောင်းသူတွေကိုလည်း ယာဉ်ထိန်းရဲတွေမှ Alcohol Tester အရက်သောက်ထားခြင်း ရှိမရှိစစ်ဆေးပြီး ယာဉ်ထိန်းရဲတွေက ထိရောက်စွာအရေးယူတော့မှာဖြစ်တယ်။
(YRTCမှ တွဲဖက်အတွင်း ရေးမှူးဦးလျန်ကျင့်မန်)
#Local_News
Published_ 12 April 2024
#YBS ယာဉ်စီးခပိုတောင်းသူ #မူးပြီးမောင်းသူများ
#tthl #Yangon_Times
- Category: Myanmar
မြန်မာ့သရက်သီးများ တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဖြစ်တဲ့ကျိုင်းတုံ-မိုင်းလား-တာလော့လမ်းကြောင်းမှ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအတွက် အဆင်ပြေစေရန်နှစ်ဖက် ညှိနှိုင်းပေါင်းစပ်အဖြေရှာနေတယ်လို့ သရက်စိုက်ပျိုးသူများနှင့်ကုန်သည်တွေဆီက သိရပါတယ်။
#Local_News
Published_ 12 April 2024
#ကျိုင်းတုံ-မိုင်းလား-တာလော့ #အဆင်ပြေစေရန်နှစ်ဖက်အဖြေရှာနေ
#YMG/NN #Yangon_Times
- Category: Myanmar
အက်ရှင်သရုပ်ဆောင်ပညာရပ်အတွက် ရည်ရွယ်သည့် ကိုယ်ခံပညာစခန်းသွင်းသင်တန်းအား ဂျက်ကီချန်းစတန့်အဖွဲ့မှ စီစဥ်ဖွင့်လှစ်သွားမည်
ဂျက်ကီချန်းစတန့်အဖွဲ့ဟာ ပေကျင်းမှာ ဧပြီ ၁၉ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ကိုယ်ခံပညာလေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရန် စီစဥ်နေပြီး အခုလက်ရှိမှာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။
#Asia_Entertainment
Published 11 April 2024
#ကိုယ်ခံပညာစခန်းသွင်းသင်တန်း #ဂျက်ကီချန်းစတန့်အဖွဲ့
#YMG_News #Yangon_Times #Yangon_Media_Group
- Category: World