Published_ 14 December 2023
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင် ရက်သတ္တပတ်သို့ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါဖျော်ဖြေပွဲ၌ မြန်မာ့ဇာတ်သဘင်အဖွဲ့ဝင်များက မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ နှစ်ပါးသွားအက၊ မဟော်သဓာဇာတ် စသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသည့် (၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပြီးနောက် ၇-၁၂-၂၀၂၃ ရက်နေ့တွင် Guangxi Culture and Art Center ၌ မြန်မာ့ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့၏ ဇာတ်သဘင်ဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ နန်နင်း ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်း အဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Zhao Yongfu နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Ms. Fan Qin စသည့်အရာရှိကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ကောင်စစ် ဝန်ချုပ်ရုံး မိသားစုများ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြားထားသော နန်နင်းမြို့ရှိ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစု တက္ကသိုလ်၌ မြန်မာဘာသာ သင်ယူနေသည့် တရုတ်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ပညာတော်သင် ရောက်ရှိနေသော မြန်မာကျောင်းသား/သူများ၊ နန်နင်းအခြေစိုက် Panorama မဂ္ဂဇင်းမှ သတင်းမီဒီယာအဖွဲ့များ စသဖြင့် ဧည့်ပရိသတ် (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လာရောက်ကြည့်ရှုကြသည့် တရုတ်၊ မြန်မာပရိသတ်များအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ကွမ်ရှီးမီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၀ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
- Category: China_Myanmar
- Hits: 102
၂၀၂၃ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များကွန်ဂရက် (WNEVC)ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်ကော်မှာ စနေနေ့က ပြီးဆုံးခဲ့ပြီး စွမ်းအင်သစ် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍရဲ့ နောက်ဆုံးပေါ်တိုးတက်မှုများနဲ့ အနာဂတ်လမ်းကြောင်းများကို ပြသခဲ့ပါတယ်။
၃ ရက်တာပွဲမှာ စတီယာရင်မပါတဲ့ အဆင့်မြင့်မောင်းသူမဲ့ယာဥ်များနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ အဓိကနဲ့ နေရာခွဲများကြား စီးနင်းသူများကို လမ်းပြပေးပါတယ်။
#Asia_Industry
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: China_Myanmar
- Hits: 127
တရုတ်ပြည်ရဲ့ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောရဲ့ အစိတ်အပိုင်းများ တပ်ဆင်မှုပြီးစီးကာ တနင်္ဂနွေနေ့က နိုင်ငံပေါင်းစုံမှ သင်္ဘောဝန်ထမ်း ၁,၂၉၂ ဦး ရောက်ရှိခဲ့ပြီဖြစ်ရာ စမ်းသပ်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
Adora Magic City လို အမည်ပေးထားတဲ့ အပျော်စီးသင်္ဘောကြီးဟာ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စမ်းသပ်ပြေးဆွဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့က ရှန်ဟိုင်းမှာ ရေချခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပထမဆုံးခရီးစဥ်ပြေးဆွဲရန် စီစဥ်ထားပါတယ်။
#Asia_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: China_Myanmar
- Hits: 138
Published_ 12 December 2023
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၏ နောက်ဆက်တွဲဖြည့်စွက်စာချုပ် လက်မှတ်မကြာမီရေးထိုးမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်၌ လက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုကောင်းမွန်ပြီး ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ CITIC နှင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်ရာ မကြာမီအတွင်းနောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ချုပ်ဆိုထားသည့် စာချုပ်များတွင်နှစ်ဖက်စလုံး အဓိပ္ပာယ်ကွဲလွဲယူဆ၍ ရနိုင်သော အချက်အချို့ရှိနေသောကြောင့် ပြန်လည်ညှိနှိုင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီမံကိန်းအတွင်း အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) တွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုကြောင်း စိတ်ဝင်စားမှုအဆိုပြုလွှာ - EOI တင်သွင်းထားသည့် နိုင်ငံသားကုမ္ပဏီများ စိစစ်ရွေးချယ်ခြင်းကို မကြာမီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ယင်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆက်ပြောသည် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏ အစိတ်အပိုင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာ၏ ရေနက်ဆိပ်ကိမ်းစီမံကိန်း သုံးခုတွင် ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်ကြောင်းသိရသည်။
ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုများအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုက ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: China_Myanmar
- Hits: 215
Published 12 December 2023
တရုတ်နိုင်ငံ မန်စီမြို့နှင့် ရန်ကုန်၊မန္တလေးတိုက်ရိုက် ပြေးဆွဲသည့် လေကြောင်းလိုင်းကိုယခု ဒီဇင်ဘာလအတွင်း ပြန်လည် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှသိရသည်။
ယင်းကဲ့သို့ ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းကို MNAမှ လေယာဉ်ပျံသန်းမှုအချိန်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် ရန်ကုန်မှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား 12:30၊ ဆိုက်ရောက် 17: 15 ညနေပိုင်းတရုတ်(မန်စီ) မှရန်ကုန်သို့ အသွား18:15 ဆိုက်ရောက် 20:35 ဖြင့်လေကြောင်းလိုင်းများပြေးဆွဲပေးမည်ဟုဆိုသည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် မန္တလေးမှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား14:30၊ ဆိုက်ရောက်17:15နှင့် တရုတ်(မန်စီ)မှ မန္တလေးသို့ ညနေပိုင်း18:15တွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များကို ဒီဇင်ဘာလ၅ရက်ကတည်းက ပြေးဆွဲနေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း အပတ်စဥ် အင်္ဂါ၊ကြာသပတေး၊စနေ နေ့များတွင်ပြေးဆွဲပေးလျက်ရှိသည်။
မန်စီမြို့ကနေ မန္တလေးမြို့ဆီ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားကို (၁၅၈၈) ယွမ် သတ်မှတ်ထားပြီး မန်စီ- ရန်ကုန်ခရီးစဉ်အတွက်ကိုတော့ လေယာဉ်လက်မှတ်ခ (၁၂၈၈) ယွမ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းဇွန်လအတွင်း MNA လေကြောင်းလိုင်း၏ကနဦးထုတ်ပြန်ချက်များ အရသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: China_Myanmar
- Hits: 77
#Local_News
Published_10 Dec 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ရေးနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးနှင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ကာလအတွင်း သီးခြားဆွေး နွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန် မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီ ကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ဆက် လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
ယခုအခါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။
#Local_News #မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး #နယ်စပ်တစ်လျှောက်လုံခြုံရေး
#Yangon_Times/PP
- Category: China_Myanmar
- Hits: 76
တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့
အာကာသပတ်လမ်းရှိ တရုတ်နိုင်ငံရဲ့ ရှန်ကျိုး-၁၇ မှ အာကာသယာဥ်မှူးတွေဟာ တီယန်ဂေါင် အာကာသစခန်းမစ်ရှင်အဖြစ် အာကာသအခြေစိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးယန္တရားဖြစ်တဲ့ အာကာသဥယျာဥ်ကနေ ဟင်းသီးဟင်းရွက်များကို မကြာသေးမီက နောက်ထပ်တစ်ကြိမ် ရိတ်သိမ်းခဲ့ပါတယ်။
#Asia_Development
Published 09 December 2023
#အာကာသဥယျာဥ် #ဒုတိယမျိုးဆက်မစ်ရှင်
#Yangon_Times #YMG_News #Yangon_Media_Group
- Category: China_Myanmar
- Hits: 121