Published 25 May 2023

တရုတ်နိုင်ငံဟာ  အလွန့်အလွန်အားပြင်းတဲ့ ဆိုင်ကလုံး “မိုခါ “ တိုက်ခတ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို စဉ်ဆက်မပြတ်ပေးပို့နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်းက ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်တယ်လို့ CCTV  သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရသူက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နေ့စဉ်ပုံမှန်ပြုလုပ်တဲ့ မနက်ခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။

Source CCTV+

#ဆိုင်ကလုံးမိုခါ

#ဆိုင်ကလုံးမိုခါ_တရုတ်နိုင်ငံကူညီမှု

#YangonMediaGroup