Published 23 January 2023

ကမ္ဘာပေါ်မှာ တစ်တွဲတည်းသော အသက်ရှင်ကျန်ရစ်တဲ့ သုံးမြွှာပူး ပန်ဒါဝက်ဝံတွေဟာ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့မှာ နွေဦးပွဲတော်အဆင်အယင်တွေနှင့် ပြင်ဆင်ထားတဲ့ အခန်းထဲမှာ အစားကောင်းတွေစားသောက်ရင်း အလည်လာကြတဲ့ ဧည့်ပရိသတ်တွေကို ပွဲတော်လာပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနေပါတယ်။

သားဖောက်ပေးသူတွေဟာ တရုတ်နှစ်သစ်ကူးဆင်နွှဲဖို့အတွက် ရှစ်နှစ်အရွယ်သုံးမြွှာပူးလေးတွေနေထိုင်တဲ့ အိမ်ကလေးကို မီးအိမ်နီတွေ၊ နှစ်ကြောင်းကဗျာတွေနှင့် အလှဆင်ပေးထားပါတယ်။

တန်ဖိုးရှိလှတဲ့ သုံးမြွှာပူးပန်ဒါကလေးသုံးကောင်ကို ၂၀၁၄ခုနှစ် ဇူလိုင်၂၉ရက်မှာ ကွမ်ကျိုးမြို့က ချင်မီလောင် ဆာဖရီဥယျဉ်မှာ မွေးဖွားပေးခဲ့ပါတယ်။ သူတို့လေးတွေကို မိန်မိန်၊ ရွှိုင်းရွှိုင်းနှင့် ကူကူလို့အမည်ပေးထားပါတယ်။ အသက် ၅နှစ်သားရောက်တဲ့အခါ သူတို့သီးခြားရပ်တည်နိုင်အောင် သူတို့ကိုခွဲထားပေးခဲ့ပါတယ်။သူတို့သုံးကောင်ထဲမှာ အလတ်ကလေးရွှိုင်းရွှိုင်းက အသွက်ဆုံးလေးဖြစ်ပါတယ်။ သူ့အိမ်အလယ်မှာ  ကံကောင်းပျော်ရွှင်မှုလို့ အဓိပ္ပါယ်ရတဲ့ တရုတ်အက္ခရာ “ဖူ”ကို ချိတ်ဆွဲပေး ထားပါတယ်၊

အကြီးဆုံးအစ်မကြီး မိန်းမိန်းကတော့ အေးအေးဆေးဆေးနေတတ်ပြီး ကမ္ဘာလှည့်တွေကြားထဲ ထင်ရှားပေါ်လွင်နေပါတယ်။ မိန်းမိန်းဟာ လူတွေနှင့် ဆက်သွယ်တတ်ပြီး ညင်သာစွာထိုင်တတ်ပါတယ်။ အငယ်ဆုံးကူးကူးကတော့ ပန်ဒါချစ်တဲ့သူတွေဆီက နှစ်သက်တဲ့အသံတွေကိုလျစ်လျှူရှုပြီး အပင်ကိုမှီပြီးလှဲလျောင်းနေတတ်ပါတယ်။

“ နှစ်သစ်ကူးပွဲတော်အတွင်း သူတို့ကို ရှယ်အစားအစာတွေကျွေးတယ်။ ဥပမာ တောင်ပိုင်းကလူတွေဟာ ပွဲတော်မှာ တန်ယွမ်လို့ခေါ်တဲ့ ဆန်လုံးတွေစားကြတယ်။ အဲဒါကြောင့်သူတို့ကို တန်ယွမ်ပုံစံ အလုံးကလေးထဲ  ဒါမှမဟုတ် ဖက်ထုတ်ပုံစံတွေထဲ ပြောင်းဖူးပြုတ်တွေ ထည့်ကျွေးပါတယ်” လို့ ပန်ဒါထိမ်း ချန်ရှုကျင်းက ပြောကြားလိုက်ပါတယ်၊

သုံးမြွှာပူးကလေးတွေဟာ ကျန်းမာရေးကောင်းနေကြပြီး  ဒီနှစ်ထဲ သားဖောက်မယ့်အစီအစဉ်ထဲ သူတို့ပါဝင်လာမယ် လို့ အထိမ်းတွေဆီကသိရပါတယ်။

Source : CCTV+

#Triplets_Giant_panda

#China_triplets_panda

#Chimelong_Safari_Park