#local_news
Published_ 2 June 2023

မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့တဲ့ အကူအညီပစ္စည်းများသယ်ဆောင်လာသည့်မလေရှားလေကြောင်းလိုင်းမှ လေယာဉ်သည် ဇွန် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။

ရောက်ရှိလာသောလေယာဉ်မှာအာဆီယံနိုင်ငံများမှပေးပို့တဲ့ စတုတ္တအသုတ်ဖြစ်ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက် ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။

စတုတ္တအသုတ်အဖြစ် ရောက်ရှိလာတဲ့ ထောက်ပံ့ကူညီရေးပစ္စည်းများမှာ Shetter Tool Kit ၄၅၀ ခု၊ Family Tent ၂၀ ဖာ၊ Water Filteration System ၁ ဖာ၊ Water Filteration System (Pump) ၂ ဖာ၊ တာပေါ်လင်စ ၂၆၂ ခု ပါဝင်ပြီး စုစုပေါင်း ၁၁ ထုပ် ကုန်တန်ချိန် ၁၉ တန်ကျော်ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂၀၀၀ ကျော် ဖြစ်ပါတယ်။

အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news #မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများ #အကူအညီစတုတ္တအသုတ်
#YMG #Yangon_Media_Group