Published 25 May 2023.

ဘင်္ဂလီဒုက္ခသည်တစ်သန်းခန့်ထဲက ၁၂၀၀ ဦးခန့်ကို ပြန်လည်လက်ခံဖို့အတွက် ရှေ့ပြေးအစီအစဉ်တစ်ခုရဲ့ လုပ်ငန်းအစိတ် အပိုင်းတစ်ခုအဖြစ် မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မေလ ၂၅ ရက် ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်

လာမယ့်ရက်သတ္တပတ်များမှာ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့ဟာ လူ ၁၁၀၀ခန့်ကို မြန်မာနိုင်ငံကပြန်လည်လက်ခံဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ အရာရှိ ၁၄ဦးပါဝင်တဲ့အဖွဲ့ဟာ ယနေ့ကြာသပတေးနေ့မနက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ တက်ခ်နက်ဖ် Teknaf ကို စက်လှေဖြင့် ရောက်ရှိလာတယ်ပြီး မည်သည့်မှတ်ချက်မျှပြောဆိုသွားခြင်းမရှိဘူးလို့ အဲဒီနေရာ ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ ဘင်္ဂလီတွေနှင့် တွေ့ဆုံ စကားပြောဆိုမှာဖြစ်ပြီး ယခုခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယကော်မရှင်နာ ရှမ်အပ် ဒိုဇာက ပြောပါတယ်။

ဘင်္ဂလီ ၂၀ဦးဟာ ဒီလထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြန်လည်နေရာချထားရေးစခန်း(၂)ခုကို သွားရောက်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ဖို့ရှိတဲ့ အမည်မဖော်လိုတဲ့ ဘင်္ဂလီတစ်ဦးတော့ “ သူတို့အနေနှင့် နိုင်ငံသားမဟုတ်ဘဲ IDP စခန်းတွေမှာ နေထိုင်ရာမှာ နေထိုင်ရမှာမို့ မြန်မာပြည်မပြန်ချင်ဘူးလို့ အေအက်ဖ်ပီကိုပြောကြားကြောင်းလည်း အေအက်ဖ်ပီ ကရေးသားပါတယ်။

Source: AFP

#ဘင်္ဂလီ_ရခိုင်ပြည်နယ်

#ဘင်္ဂလားဒေ့ရှ်_ဘင်္ဂလီဒုက္ခသည်စခန်း

#YangonMediaGroup