#LocalNews
Published_ 23 March 2023

Facebook လူမူကွန်ယက်တွင် လူအကြည့်များသည့် Ghost Hunters အဖွဲ့သည် မတ်လ ၂၂ရက်နေ့ ညက ဗိဿနိုးမြို့ဟောင်းကို ဝိဉာဉ်ရှာဖွေရိုက်ကူးရေး လုပ်စဉ်အဖမ်းခံရကြောင်း အဆိုပါအဖွဲ့ ရိုက်ကူးထုတ်လွှင့်နေသည့် ၂၆ မိနစ်ကြာသည့် တိုက်ရိုက်ရုပ်သံမှတ်တမ်းအရသိရသည်။

အဆိုပါတိုက်ရိုက်လွှင့်နေသည့်ရုပ်သံမှတ်တမ်းမှာ မတ် ၂၂ နေ့ည ၁၀ နာရီဝန်းကျင့်ခန့်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကြည့်ရူသူ ၁သိန်းကျော် ရှိခဲ့သည်။ရိုက်ကူးထုတ်လွှင့်နေစဉ် ယူနီဖောင်းဝတ်ဆင်ထားသည့် အာဏာပိုင်များက အချက်ပေးခရာများမူတ်သည့်အသံကိုလည်း ရုပ်သံမှတ်တမ်းတွင်တွေ့ရှိရသည်။

အဆိုပါ Ghost Hunters အဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ သရဲခြောက်သည်ဆိုသောနေရာများကို သွားရောက်ပြီး ရိုက်ကူးထုတ်လွှင့်နေသည့် အဖွဲ့လည်းဖြစ်ကြောင်းသိရသည်။အဖမ်းမခံရစဉ် လူမူကွန်ယက်တွင် မကျွတ်မလွတ်သေးသည့် သမိုင်းထဲကနာမည်ကြီး ဗိဿနိူးဘုရင်မကြီးနှင့်အစောင့်အရှောက်များဆိုပြီး ၎င်းတို့၏တရားဝင် လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါရုပ်သံမှတ်တမ်းကိုကြည့်လိုပါ Ghost Hunters Myanmar Facebook စာမျက်နှာတွင်ဝင်ရောက်ကြည့်ရူနိုင်သည်။
yng/ynzw
#Ghost Hunters Myanmar
#Yangon_Media_Group