#LocalNews

Published_ 12 March 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့အနီးတွင်အင်အားရစ်တာစကေး(၄.၆)အဆင့်ရှိသည့်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရသည်၊၊ မတ်လ (၁၂)ရက်၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၃)မိနစ်၊ (၄၀) စက္ကန့်အချိန်၌လှုပ်ခတ်သွားခြင်းဖြစ်သည်၊၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည် တွင်း (ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၁၀၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်းဖြစ်သည်၊၊ စစ်ကိုင်းတိုင်းဒေသကြီးသည် မြေငလျင်လှုပ်ခတ်မှုအများဆုံးဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လတ်တလောတွင်ဒေသတော်တော်များများ၌မြေငလျင်ငယ်များဆက်တိုက်လှုပ်နေပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများတွင်မြေငလျင်ကြီးများလှုပ်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှတာဝန်ရှိသူများက သတိပေးပြောကြားထားကြောင်းသိရသည်၊၊ ymg/tthl