မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကာလအတွင်းမှာ ဘုရားဖူးဧည့်သည် လေးသိန်းကျော် ဝင်ရောက်ခဲ့ပြီး လက်ရှိမှာလည်း ဘုရားဖူးတွေ ဆက်လက်ဝင်ရောက်နေတယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့နဲ့ ပုဂ္ဂလိက တည်းခိုရေးလုပ်ငန်းတွေက သိရပါတယ်။
#Local_News
Published_ 20 April 2024
#မန်းရွှေစက်တော် #ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကာလ
#YMG/NN #Yangon_Times
- Category: Myanmar
သင်္ကြန်အကြိုကာလက ဝယ်လိုအားများပြီး ဈေးတက်ခဲ့တဲ့ ကြက်သွန်ဖြူဈေးကွက်ဟာ ယခုမှာတော့ တစ်ပိဿာကို ကျပ် ၁၅၀၀ ခန့် ဈေးပြန်ကျလာတယ်လို့ အောင်ပန်းရှိကုန်သည်တွေထံက သိရပါတယ်။
#Local_News
Published_ 20 April 2024
#ကြက်သွန်ဖြူဈေးကျ #အောင်ပန်းရှိကုန်သည်
#YMG/LW #Yangon_Times
- Category: Myanmar
ကချင်ဒေသခံတွေ ဒီနှစ်မိုးစပါးစိုက်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေကြတယ်။ စပါးမျိုးစေ့ရှိပေမယ့် လယ်ထွန်ဖို့စက်သုံးဆီဘယ်မှာမှ ဝယ်မရဘူး။
(ပူတာအိုမြို့နယ်နေ ဒေသခံတစ်ဦး)
#Local_News
Published_ 20 April 2024
#မိုးစပါးစိုက်ပျိုးရန်စိုးရိမ်ပူပန် #ပူတာအို
#tthl #Yangon_Times
- Category: Myanmar
#Local_News
Published 20 April 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဧပြီ ၂၀ရက် နံနက် ၉နာရီ ၅၅မိနစ် ခန့် က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာမြိတ်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြိတ်မြို့နယ်အရန်မီးသတ်စခန်းများမှ မီငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်သည့်ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
- Category: Myanmar
#Local_News
Published_ 20 April 2024
▪️ ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်ချို့ယွင်းနေ၍ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဧပြီ ၂၀ရက် နေ့လည်ပိုင်း၌ ထုတ်ပြန်လိုက်သည်။
▪️ ထုတ်ပြန်ချက်တွင် ယနေ့ (၂၀.၄.၂၀၂၄) ရက်နေ့၊ (၁၃:၁၂) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါကြောင်း၊ ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
▪️ သင်္ဃန်းကျွန်း YESCက 20-4-24(13:12)SYSTEM ချို့ယွင်းမှုဖြစ်ပေါ် သဖြင့် သင်္ဃန်းကျွန်းမြို့နယ် ခွဲရုံအားလုံးယာယီဓာတ်အားပြတ်တောက်နေသည်ဟုထုတ်ပြန်ထားသည်။
▪️ တာမွေ YESCကလည်း(၂၀.၄.၂၀၂၄)ရက်နေ့ (၁၃:၁၀)ခန့်အချိန်တွင် ဓာတ်အားစနစ်ချို့ယွင်း၍ တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်းအသိပေးပန်ကြားထားကြောင်း သိရသည်။
#tthl #Yangon_Times
- Category: Myanmar
#Local_News
Publicshed 20 April 2024
▪️ ပြည်တွင်း အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ခုနှစ် ရာခိုင်နှုန်းနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် (၂၁) ရာခိုင်နှုန်းရှိနေကြောင်း အိမ်ခြံမြေအသင်းများမှ သိရသည်။
▪️ ထို့အပြင် ယခုနှစ်တွင်လည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများထက် အိမ်ခြံမြေလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်အများစု ရင်းနှီးမြှုပ်နှံမှုပိုများနေကြောင်း သိရသည်။
▪️ ၎င်းအပြင် အိမ်ခြံမြေလုပ်ငန်းတွင် (MIC) ပါမစ်ဖြင့်လုပ်ကိုင်သောလုပ်ငန်းအများစုမှာ မြို့ပြအိမ်ရာသစ်များ အကောင်အထည်ဖော်ခြင်း၊ အထပ်မြင့်ကွန်ဒိုဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းများပါဝင်နေ ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်ခြံမြေလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉၃) ခုမှ ဒေါ်လာသန်း (၁၂၀၀) ကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၆၇) ခုမှ ဒေါ်လာသန်းပေါင်း (၆၆၀၀) ကျော်အထိ ဝင်ရောက်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
- Category: Myanmar
#Local_News
Publicshed 20 April 2024
▪️ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုလာမည့်လအတွင်း အွန်လိုင်းမှ စတင်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ပထဝီဝင်ဌာနမှ ကြီးမှူး၍Post Graduate Diploma in Geography of Tourism
ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို မေလ (၂၃) ရက်တွင် တတိယအကြိမ်မြောက်အဖြစ် အွန်လိုင်းမှဖွင့်လှစ်သင်ကြားရန် စီစဉ်နေခြင်းဖြစ်သည်။
▪️ အဆိုပါ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဆိုဒ်မှတဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ဧပြီ (၂၅) ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းသင်တန်းသည် တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားကာ သင်တန်းတက် ရောက်ခွင့်ရသူများအား Email ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ရောက်ရန်လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများဖြစ်ရန်လိုအပ်သည့်အပြင် အစိုးရဌာနများ၊ NGO အဖွဲ့များမှ ဘွဲ့ရဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှ ဘွဲ့ရဝန်ထမ်းများ ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရသူများနှင့် ဘွဲ့ရ Tourist Guide များလျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
- Category: Myanmar