Published 8 Jan 2023

မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့  ကြယ်တံခွန် C/2022 E3 (ZTF) ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကမ္ဘာနှင့် နီးကပ်လာမည်ဖြစ်ပြီး သာမန်မျက်စိဖြင့် မြင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀လုံးလုံး မျက်မြင်မတွေ့ခဲ့ကြရလို့ ကြုံတောင့်ကြုံခဲ ရှားပါးတလှဲ့ အခွင့်အရေးပါ။

အဆိုပါကြယ်တံခွန်ကို Zwicky Transient Facility မှာရှိတဲ့  ကွင်းပြင်ကျယ် လေ့လာဆန်းစစ်ရေးဆိုင်ရာ ကင်မရာကနေ နက္ခတ္တဗေဒပညာရှင်တွေက  ယမန်နှစ် မတ်လတွင် စတင်တွေ့ရှိခဲ့တာလို့  NASA မှ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကြွေကျနေတဲ့ကြယ်ဟာ  ဂျူပီတာ၏ပတ်လမ်းကို ဖြတ်သွားခဲ့ပြိး  အဲဒီကစကာ ကြီးထွားလာခဲ့ပါတယ်။

အဆိုပါကြယ်တံခွန်သည် ဇန်နဝါရီ ၁၂ ရက်တွင် နေနှင့် နီးကပ်လာပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာနှင့် အနီးဆုံးကနေဖြတ်သန်းသွားမှာဖြစ်ပါတယ်။ တယ်လီစကုပ်မရှိသူတွေအပါအဝင် မည်သူမဆို မြင်တွေ့နိုင်ပြီး မြို့ရဲ့ အလင်းရောင် ဒါမှမဟုတ် လသာနေတယ်ဆိုရင်တော့ ကြယ်တံခွန်သည် ကောင်းကင်ကို သိပ်ပြီးလင်းထိန်စေမယ်မဟုတ်လို့ဆိုပါတယ်။

မြောက်ကမ္ဘာခြမ်းတွင်နေထိုင်သူတွေဟာ  ကြယ်တံခွန်ကို ဇန်န၀ါရီလအစောပိုင်းတွင် မြင်တွေ့နိုင်မည်ဖြစ်ပြီး တောင်ပိုင်းကမ္ဘာခြမ်းတွင်တော့ ကြယ်တံခွန်ဟာ ဖေဖော်ဝါရီအစောပိုင်းတွင် ပေါ်လာပါလိမ့်မယ်။

C/2022 E3 (ZTF) သည် ရေခဲနှင့် ဖုန်မှုန့်များဖြင့် ပြုလုပ်ထားပြီး စိမ်းလန်းသော ရောင်ဝါကို ထုတ်လွှတ်ပေးပြီး အချင်းတစ်ကီလိုမီတာဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း Paris Observatory မှ နက္ခတ္တဗေဒပညာရှင် Nicolas Biver က AFP သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

Space.com က အဲဒီကြယ်တံခွန်ရဲ့ ပတ်လမ်းကြောင်းဟာ နှစ်ပေါင်း ငါးသောင်း ဝန်းကျင်ရှိပြီး ယင်းသည် လာမည့်လတွင် နှစ်ပေါင်း ငါးသောင်းအတွင်း ကမ္ဘာမြေသို့ ပထမဆုံးချဉ်းကပ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီကြယ်တံခွန်ဟာ ကျော်ခေတ်လူသားတွေ ကမ္ဘာပေါ်လှည့်လည်သွားလာနေကြတဲ့ ကျောက်ခေတ်ဦးကာလမှာ ကမ္ဘာကြီးကို နောက်ဆုံးဖြတ်သန်းသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီကြယ်တံခွန်ဟာ  လျှို့ဝှက်ဆန်းကြယ်လှတဲ့ ရေခဲအရာဝတ္ထုတွေရဲ့  ရှင်သန်ရာဖြစ်တဲ့ နေအဖွဲ့အစည်းကို လှည့်ပတ်နေတဲ့ ရေခဲစိုင်ကနေ ဖြစ်ထွန်းလာတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

Source: WION

#Commet_C/2022_E3_(ZTF)

#Green_commet