#World_Health
Published 9 January 2023

ရာသီဥတုချမ်းအေးလာတဲ့အခါ လူတွေက အအေးမိလာကြပြီး နှာရည်ယိုခြင်းလက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

 

အအေးမိတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့ ချက်ချင်းပျောက်ကင်းဖို့အတွက် ဗိုက်တာမင်-စီက အထောက်အကူဖြစ်စေပါတယ်။

 

ဗိုက်တာမင်-စီဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဒြပ်ပေါင်းဖြစ်ပြီး သွေးကြောအတွင်း ထိရောက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။

 

ဗိုက်တာမင်-စီကို အသီးအနှံများ၊ အသီးအရွက်များမှာ အများအပြားတွေ့ရပါတယ်။

 

တုပ်ကွေးလက္ခဏာစပေါ်ကာစမှာ ဗိုက်တာမင်-စီသောက်သုံးခြင်းဖြင့် ဖျားနာခြင်းကို နေ့တဝက်မျှစောပြီး သက်သာစေနိုင်ကာ ရောဂါလက္ခဏာပြင်းထန်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

 

ဗိုက်တာမင်-စီကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ငရုတ်ပွနီ

 

ငရုတ်ပွနီမှာ ဗိုက်တာမင်-စီပါဝင်တာကို သိပ်မသိကြပါဘူး။
ငရုတ်ပွသီးတစ်လုံးရဲ့တဝက်လောက်မှာ နေ့စဉ်လိုအပ်တဲ့ဗိုက်တာမင် ၁၀၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

 

(၂) ခရမ်းချဉ်သီး

 

ခရမ်းချဉ်သီးကို အစိမ်းလိုက်စားပေးပါက ဗိုက်တာမင်-စီအများအပြား ရရှိနိုင်ပါတယ်။

 

ကိုယ်ခံအားကိုကောင်းစေတဲ့ ဗိုက်တာမင်-အေလည်း ကြွယ်ဝစွာပါဝင်ပြီး အရိုးအတွက် ဗိုက်တာမင်-ကေလည်း ပါဝင်ပါတယ်။

 

(၃) ကီဝီသီး

 

နေ့စဉ်ဗိုက်တာမင်-စီလိုအပ်ချက်အတွက် ကီဝီသီးစားသုံးပေးနိုင်ပါတယ်။

ကီဝီသီးတစ်လုံးမှာ ဗိုက်တာမင်-စီ ၁၀၀ ဂရမ်ပါဝင်ပြီး နေ့စဉ်လိုအပ်ချက်ထက် ပိုများတဲ့ပမာဏဖြစ်ပါတယ်။

 

(၄) စတော်ဘယ်ရီ

 

ဗိုက်တာမင်-စီပါဝင်တဲ့အသီးတွေထဲမှာ စတော်ဘယ်ရီက အထင်ကရအသီးဖြစ်ပါတယ်။

 

ဒါ့အပြင် စတော်ဘယ်ရီမှာ အရေးကြီးဆုံး သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ အန်သိုဆိုင်ယာနင် အများအပြားပါဝင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group