Published 19 Dec 2022

ထိုင်းရေတပ်စစ်သင်္ဘောတစ်စီး တနင်္ဂနွေညနေက ထိုင်းပင်လယ်ကွေ့မှာနစ်မြုပ်ခဲ့ရာ ရေထဲက သင်္ဘောသားတွေကို  သင်္ဘောတွေ၊ရဟတ်ယာဉ်တွေနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။

ဒီမနက်ခင်းအထိ ရေတပ်သင်္ဘောသား ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၃၁ ဦး ပျောက်ဆုံးနေတုန်းပဲလို့ ရေတပ်က ပြောပါတယ်။

တနင်္ဂနွေမနက်မှာ လေပြင်းကြောင့် ပင်လယ်ရေတွေဟာ အိတ်တီအမ်အက်စ် ဆူခိုထိုင်း လို့အမည်ပေးထားတဲ့ ရေတပ်သင်္ဘောရဲ့ လျှပ်စစ်စနစ်တွေ ထိခိုက်ခဲ့ရပါတယ်။အဲဒါကြောင့် ထိုင်းတော်ဝင်ရေတပ်က ဖရီးဂိတ်စစ်သင်္ဘောကြီး (၃)စီးနှင့် ရဟတ်ယာဉ်(၂)စီးတို့ကို ရွှေ့ပြောင်းရေစုပ်စက်တွေနှင့်အတူ အခင်းဖြစ်တဲ့နေရာကို ပို့လွှတ်ခဲ့ပါတယ်။ သင်္ဘောထဲက ရေတွေကို စုပ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် လေပြင်းတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

မီးပျက်သွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေဟာ သင်္ဘောထဲပိုဝင်လာခဲ့ပြီး နောက်ဆုံးမှာ သင်္ဘောဟာ နစ်မြုပ်သွာပါတယ်။

အဲဒီစစ်သင်္ဘောဟာ ပရာချပ်ကီရီကန်ပြည်နယ် ဘန်ဆာဖန်ခရိုင်က ဆိပ်ကမ်းနှင့် မိုင် ၂၀ ဝေးကွာတဲ့နေရာမှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေစဉ် မတော်တဆမှုဖြစ်ခဲ့ရတာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းမှာ  ယခုနှစ် အအေးဆုံးဖြစ်နေပါတယ်။ တောင်စွန်းပိုင်းမှာတော့ မကြာသေးခင်ရက်တွေက မုန်တိုင်းတွေနှင့် ရေကြီးရေလျှံတွေဖြစ်ပေါ်ခဲ့ပါတယ်။ သင်္ဘောတွေကို ဆိပ်ကမ်းမှာဆိုက်ကပ်ထားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။

Source: AP

#Thai_Navy_ship_sink

#Thai_Royal_Navy

#Thai_Navy_accident