Published 2 April 2022

တရုတ်နှင့်မြန်မာတို့ဟာ အပြန်အလှန်နိုင်ငံရေးယုံကြည်မှု ရှေ့သို့တက်လှမ်းရေး၊အပြန်အလှန်အကျိုးအမြတ်နှင့် နှစ်ဖက်လုံး အောင်မြင်မှုရလာဒ်ရရှိရေး၊ ပြည်သူအချင်းချင်းအတုံအလှယ်ပြုမှုဖန်တီးရေး၊ယဉ်ကျေးမှုလှုပ်ရှားဆောင်ရွက်မှုများတွင် အပြန်အလှန်သင်ယူမှုတိုးမြှင့်ရေးတို့အတွက် အပြန်အလှန်ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို နက်ရှိုင်းစွာ ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်လို့ CCTV ကသတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးပြည်နယ်မှာ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အဲဒီသဘောတူညီချက်ရရှိခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနှင့်  အိမ်နီးချင်းသံတမန်ခင်းအရ မြန်မာနိုင်ငံကို အရေးကြီးတဲ့ နေရာမှာ အမြဲထားရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ကပြောပါတယ်။ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း  မြန်မာနိုင်ငံက ယင်းရဲ့အချုပ်အခြာအဏာ၊လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ စောင့်ရှောက်ထိန်းသိမ်းမှု၊ပြီးတော့ နိုင်ငံရဲ့ အနေအထားနှင့် လိုက်ဖက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုဖော်ဆောင်မှု အပေါ် တရုတ်နိုင်ငံဟာ အမြဲ ထောက်ခံအားပေးတယ်လို့ သူကဆက်ပြောပါတယ်။ 

အတူမျှဝေခံစားတဲ့ အနာဂတ်နှင့်အတူ တရုတ်-မြန်မာ အသိုက်အဝန်းတည်ထောင်ရေး ရည်မှန်းချက်ရရှိဖို့အတွက် မြန်မာနှင့် အပြန်အလှန်ပူးပေါင်းဖလှယ်မှုနက်ရှိုင်းစွာဆောင်ရွက်ရေး တရုတ်က အသင့်ရှိနေတယ်လို့ ဝမ်ကပြောပါတယ်။

အဲဒီအပြင်  တရုတ်-မြန်မာ စီးပွားရေ စင်္ကြံ တည်ဆောက်မှုကို နှစ်ဖက်လုံးက  အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ ဝမ်က တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ အဲဒီအတွက် အထင်ကရ အဓိကကျတဲ့ စီမံကိန်းတွေ ကိုပိုမိုလုပ်ဆောင်ဖို့နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ညီညွတ်နက်ရှိုင်းစွာ တွန်းလှန်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

 ဦးဝဏ္ဏမောင်လွင်ကလည်း တရုတ်ရဲ့ ပဓာနကျတဲ့ အကျိုးစီးပွားနှင့်သက်ဆိုင်တဲ့ကိစ္စတွေအပေါ် တရုတ်ရပ်တည်ချက်ကို မြန်မာက အပြည့်အဝထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ကပ်ဘေးတွန်းလှန်ရေးတို့မှာ တရုတ်ရဲ့ ကြီးမားတဲ့ အားပေးထောက်ခံမှုအတွက် တရုတ်နိုင်ငံကိုကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆော်ကရေးအရှိန်မြှင့်လိုကြောင်းပြန်လည်ပြောကြားခဲပါတယ်။ အဲဒီအပြင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်မူဘောင်အတွင်းကနေ မြင်တွေ့လို့ရတဲ့ ရလာဒ်တွေပိုမိုရရှိဖို့ တွန်းအားပေးဆောင်ရွက်မယ်လို့လည်း သူကဆက်ပြောပါတယ်။

နှစ်ဦးစလုံးက တောင်တရုတ်ပင်လယ်နှင့် ယူကရိန်းကိစ္စတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ စီးပွားရေး၊နည်းပညာနှင့်စိုက်ပျိုးရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးရာမှာ သက်သေအဖြစ်ပါဝင်ခဲ့ကြပြီး ချုံချင်းမြို့မှာ မြန်မာကောင်စစ်ဝန်ရုံးသစ် ဖွင့်လှစ်ပွဲသို့တက်ရောက်ခဲ့ကြပါတယ်။

Source CMG