Published 2 June 2023

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က ကိုလိုရာဒိုပြည်နယ်မှာရှိတဲ့ လေတပ်သင်တန်းကျောင်း သင်တန်းဆင်းပွဲမှာ  သင်တန်းဆင်း  လက်မှတ်ပေးရင်း စင်ပေါ်မှာ ခလုပ်တိုက် မှောက်လျှက်လဲသွားခဲ့ရပါတယ်။ ဒါပေမယ့် သူ့ထိခိုက်သွားပုံတော့မပေါ်ပါဘူး။

လေတပ်အမှုထမ်းးတွေက သူ့ကိုပြန်ထူမပေးခဲ့ပါတယ်။ သူပြန်အထမှာ သူက သူခလုတ်တိုက်မိပုံရတဲ့ အရာဝတ္ထုကို လက်ညိုးညွှန်းပြခဲ့ပါတယ်။ကြည့်ရတာတော့ စင်ပေါ်က သဲအိတ်အသေးကလေးတစ်ခုနှင့်ဆင်တူပါတယ်။

ဘိုင်ဒင်ဟာ အမေရိကန်သမ္မတထဲမှာ  အသက်အကြီးဆုံး သမ္မတဖြစ်ပြီး ၂၀၂၄မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံဖို့ ပြင်ဆင်နေပါတယ်။သူ့ဆရာဣန်ကတော့ သူဟာ ကျန်းမာပြီးပုံမှန်လေ့ကျင့်ခန်းလုပ်တယ်လို့ ပြောပါတယ်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတုန်းက သူဟ ဒေါ်နယ်ထရမ့်ကို အနိုင်ရပြီးသိပ်မကြာ သူ့ရဲ့ခွေးကလေးနှင့် ဆော့ကစားရင်း ဘိုင်ဒင်ဟာ ခြေထောက်ကျိုးခဲ့ပါသေးတယ်။

Source AFP

 

#Biden

#Biden_Tumble

# သမ္မတဂျိုးဘိုင်ဒင်ခလုတ်တိုက်မှောက်လျက်လဲကျ