#local_news
Published_ 2 June 2023

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၄ နိုင်ငံပါဝင်သည့် ဂျီ-၇၇ အုပ်စု၏ Vienna Chapter ထူထောင်သည့် (၂၅) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မေ ၃၁ ရက်တွင် ဗီယင်နာမြို့ ရှိ Vienna International Centre ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားတွင် ဂျီ-၇၇နှင့် တရုတ်အုပ်စု (Vienna Chapter) ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ်နှင့် အခြားသော အမြဲတမ်း ကိုယ်စားလှယ်များက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါတယ်။

ဂျီ-၇၇ အုပ်စုကို ၁၅-၆-၁၉၆၄ ရက်တွင် ဂျီနီဗာမြို့၌ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၇၇) နိုင်ငံဖြင့် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ ဂျီ-၇၇ အုပ်စု၏ Vienna Chapter ကို ၁၉-၅-၁၉၉၈ ရက်တွင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအုပ်စုကို တရုတ်နိုင်ငံက နိုင်ငံရေးအရ အစဉ်ထောက်ခံမှုပေးခဲ့ပြီး၊ ၁၉၉၄ ခုနှစ်မှ စတင်၍ ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ခြင်းကြောင့် ဂျီ-၇၇နှင့်တရုတ်အုပ်စုအဖြစ် ပြောင်းလဲ သုံးနှုန်းခဲ့ကြောင်း၊ ယခုအခါ ဂျီ-၇၇နှင့်တရုတ်အုပ်စုတွင် ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၃၄) နိုင်ငံ ရှိပြီဖြစ်ပါတယ်။

ဂျီ-၇၇ အုပ်စု Chapter များအဖြစ် Liaison Office များကို ဂျီနီဗာ၊ နိုင်ရိုဘီ၊ ပါရီ၊ ရောမနှင့် ဗီယင်နာမြို့တို့တွင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
ygm_mnn
#local_news #နိုင်ငံပေါင်း ၁၃၄ နိုင်ငံပါဝင် #Vienna Chapterထူထောင်သည့်အခမ်းအနား
#YMG #Yangon_Media_Group