#World_Health
Published_ 31 May 2023

အသက် ၅၀ နဲ့အထက် အမျိုးသားထက်ဝက်ကျော်ခန့်ဟာ ဆီးကျိတ်ကြီးခြင်းဝေဒနာအပျော့စား ခံစားရတတ်ပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေပိုများလာကြောင်းကို တော်တော်များများ မသိရှိကြပါဘူး။

ဒီအတွက် ယနေ့ခေတ်မှာ ဖြေရှင်းနည်းတွေရှိလာပြီး အလျင်အမြန်သက်သာစေခြင်း၊ ဘေးအန္တရာယ်အနည်းဆုံး၊ အရေးကြီးဆုံးက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှုကို မထိခိုက်စေတဲ့ နည်းလမ်းများဖြင့် ကုသနိုင်ပြီဖြစ်ပါတယ်။

ဆီးကျိတ်ဟာ အမျိုးသားမျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဆီးအိမ်အောက်မှာ တည်ရှိပြီး ဆီးလမ်းကြောင်းပြွန်ကို ရစ်ပတ်ထားပါတယ်။

ဆီးကျိတ်အရွယ်အစားက အသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်း ကြီးထွားလာတာဖြစ်ပါတယ်။

ဒီလိုကြီးထွားလာခြင်းက ဆီးလမ်းကြောင်းပြွန်ကို ထိရောက်စေကာ ဆီးသွားခြင်းကို ခက်ခဲစေပါတယ်။

သူ့ရဲ့လက္ခဏာတွေကတော့ ဆီးသွားရခက်ခြင်း၊ ဆီးလမ်းကြောင်းအားနည်းခြင်း၊ မကြာခဏဆီးသွားချင်သလိုဖြစ်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်းတို့ဖြစ်ပါတယ်။

တစ်ခါတလေမှာ ဆီးကျန်တာမျိုးဖြစ်ပေါ်တတ်ကာ ဆီးပိုက်အရေးပေါ်ထည့်ရခြင်မျိုး လိုအပ်တတ်ပါတယ်။

ညနေခင်းမှာ ကော်ဖီ၊ အယ်လ်ကိုဟောသောက်သုံးခြင်း ရှောင်ရှားခြင်းဖြင့် ပြောင်းလဲကုသသင့်ပါတယ်။

ဒီနည်းလမ်းဖြင့် မသက်သာဘူးဆိုရင် ဆေးဝါးသောက်သုံးနိုင်ပြီး အချိန်အတိုင်းအတာတစ်ခုအထိပဲ အကျိုးရှိကာ ကြာလာရင် ပျောက်ကွယ်သွားတတ်ပါတယ်။

ဆေးဝါးမှာဘေးထွက်ဆိုးကျိုးရှိတတ်ပြီး လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းတာမျိုး ရင်သားကြီးထွားလာတာမျိုး ဖြစ်တတ်ပါတယ်။

ဆေးနဲ့အလုပ်မဖြစ်ဘူးဆိုရင် ဆီးကျိတ်ကိုခွဲစိတ်ဖယ်ရှားတာမျိုး ပြုလုပ်နိုင်ပါတယ်။

နှစ်များစွာ နည်းလမ်းသစ်များတီထွင်ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ကြပြီး ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန်မရှိစေဘဲ အောင်မြင်နိုင်ချေများပြီး ရေရှည်ခံနိုင်အောင် ကုသနိုင်မယ့်နည်းလမ်းတွေ ရှာဖွေခဲ့ကြပါတယ်။

နည်းပညာမြင့်ကုသမှုဆိုရင် ခွဲစိတ်စရာမလိုဘဲ ထိရောက်အောင် ကုသပေးနိုင်မှာဖြစ်ပါတယ်။

ဆီးကျိတ်အနည်းငယ်ကြီးလာခြင်းကြောင့် ဆီးကျန်ခြင်းနဲ့ ဆီးလမ်းကြောင်းအောက်ပိုင်းလက္ခဏာများကို ကုသနိုင်မယ့် ဘေးကင်းထိရောက်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။

သွေးကြောထုံးခြင်းလိုကုသနည်းက ခွဲစိတ်မှုနဲ့ဆင်တူပြီး ဆီးသွားရာမှာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။

သာမန်ကုထုံးတွေထက် အဆင်ပြေသလို ဆီးပိုက်ထည့်ရတာမျိုး မလိုအပ်သလို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုလည်း မထိခိုက်စေပါဘူး။
Source: The Jersualem Post.
#World_Health #ဆီးကျိတ်ပြဿနာ #ဖြေရှင်းလာနိုင်ပြီ
#YMG #Yangon_Media_Group