Published 28 May 2023.

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရီပတ်ဗလီကန် ကွန်ဂရက်ထိပ်တန်းအမတ် ကေဗင်မက္ကာသီတို့ အစိုးရရဲ့ ဖက်ဒရယ် ကြွေးမြီကန့်သတ်ချက် ဒေါ်လာ ၃၁.၄ဘီလျံကို ထပ်မြှင့်ပေးဖို့ အပေးအယူလုပ်ခဲ့တာ သဘောတူညီမှုတစ်ခုရရှိခဲ့ပြီလို့  ရိုက်တာသတင်းကရေးသားပါတယ်။ ဒါဟာ တစ်လကြာ မတိုးသာမဆုတ်သာအခြေအနေတစ်ခု အဆုံးသတ် သွားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုသဘောတူညီမှုဟာ ပြီးပြည့်စုံမှုရှိခဲ့ပုံမပေါ်ပါဘူး။ နှစ်ဘက်လုံး အောင်ပွဲခံမှုမရှိဘဲ သဘောတူညီမှုရခဲ့တာ ကြောင့်ပါ။  ဒါဟာ စေ့စပ်ညှိနှိုင်းရာမှာ ခါးခါးသီးသီးဖြစ်ခဲ့တာကိုပြသနေပြီး ဇွန်လဆန်းမှာ အမေရိကန်အစိုးရအနေနှင့် ပေးစရာပိုက်ဆံကုန်မသွားခင် ကွန်ဂရက်ကို ခက်ခက်ခဲခဲဖြတ်သန်းရဦးမှာဖြစ်ပါတယ်။

“ မကြာသေးခင်က ကျွန်တော် သမ္မတနှင့်ဖုန်းပြောခဲ့တာချခဲ့တာပါ။ သူဟာ လပေါင်းများစွာ စေ့စပ်ညှိနှိုင်းဖို့ ငြင်းပယ်ခဲ့ပြီး အချိန်တွေဖြုန်းခဲ့တယ်။ အခုတော့ အမေရိကန်ပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ အခြေခံမူကို ကျွန်တော်တို့ သဘောတူခဲ့ ပါတယ်” လို့ မက္ကာသီက တွစ်တာမှာရေးခဲ့ပါတယ်။

သဘောတူညီချက်အရ ကြွေးမြီကန့်သတ်ချက်ကို (၂)နှစ်တာအထိ တိုးပေးမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ အသုံးစရိတ်တွေကိုလည်းဖြတ်တောက်ပေးရမှာဖြစ်ပါတယ်။ အဲဒီအသုံးစရိတ်တွေထဲမှာ ဆင်းရဲသားတွေအတွက် လိုအပ် တဲ့ အပိုဆောင်းအစီအစဉ်အချို့လည်းပါဝင်ပါတယ်။

စနေနေ့ ညနေခင်းမှာ ဘိုင်ဒင်နှင့် မက္ကာသီတို့ မိနစ်၉၀အကြာ ဖုန်းနှင့် အပေးအယူလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ ဒါကို အပြီးသတ်ရေးသားနိုင်အောင် ဒီည ကျွန်တော်တို့ ဆက်ပြီးအလုပ်လုပ်ကြရဦးမယ်” လို့လည်း သူက သတင်း  ထောက်တွေကို ပြောပြပါတယ်။စနေနေ့မှာ ဥပဒေကြမ်း အပြီးရေးဖို့ သူမျှော်လင့်ထားတယ်။ ပြီးရင် ဘိုင်ဒင်နှင့်စကား ပြောမယ်။ အဲဒီနောက်ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်ကြမယ်လို့ သူက ဆက်ပြောပါတယ်။

အောက်လွှတ်တော်ကို ကြီးစိုးထားတဲ့ ရီပတ်ဗလီကန်တွေက  အသုံးစရိတ်တွေကို သိသိသာသာဖြတ်တောက်ပစ်ဖို့နှင့် အခြားအခြေအနေတွေကို  တွန်းအားပေးခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါ အမေရိကန်ရဲ့ တစ်နှစ်တာစီးပွားရေးပမာဏနှင့် အကြမ်းဖျင်းအားဖြင့် တူညီနေတဲ့ အမေရိကန်ရဲ့ ကြွေးမြီတွေတက်လာနေတာကို ရီပတ်ဗလီကန်တွေက နှေးကွေးလိုက်ချင်ကြတာဖြစ်ပါတယ်။.

Source: Reuters

 

#အမေရိကန်ကြွေမြီကန့်သတ်ချက်

#အမေရိကန်နိုင်ငံရေး

#အမေရိကန်ကြွေးမြီအခက်အခဲ

#YangonMediaGroup