Published 30 April 2023

ယခုတစ်ပတ် တောင်ကိုရီးယားမှာ အအောင်မြင်ဆုံးဒရာမာအဖြစ်ထိပ်ဆုံးရောက်ရှိနေတာက JTBC ရဲ့ စီးရီးအသစ်ဖြစ်တဲ့ “ဒေါက်တာချား” “Doctor Cha” ပဲဖြစ်ပါတယ်။ အဲဒီစီးရီးတစ်ခုလုံံးရော စီးရီးမှာပါတဲ့ သရုပ်ဆောင်တွေကိုပါ လူကြိုက်များနေတာပါ။

 ပြီးခဲ့တဲ့အပတ်ကတော့ “ဒေါက်တချား” ဟာ ဒုတိယနေရာမှာပဲရှိနေရာကနေ ယခုတစ်ပတ်မှာ Good Data Corporation ရဲ့ အပတ်စဉ်အဆင့်သတ်မှတ်ချက်အရ နံပါတ်(၁)နေရာရောက်လာတာပါ။

ဒေါက်တာချားဟာ စီးရီးအရ နံပါတ်(၁)ဖြစ်ရုံမျှမကဘဲ ဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ပတ်အတွင်း ထိပ်တန်း(၁၀)စာရင်းမှာ လေးနေရာရရှိခဲ့ကြပါတယ်။ အမ်ဂျွန်ဟွာUhm Jung Hwaနှင့် ကင်မ်ဘျန်ချုလ်Kim Byung Chul တို့ဟာ အကောင်းဆုံးသရုပ်ဆောင် အမှတ်စဉ်(၁)နှင့် (၂)နေရာကို ဒီတပတ်စာရင်းထဲရောက်ရှိလာကြတာ ဖြစ်ပါတယ်။ မြောင်ဆီဘင်Myung Se Binက အမှတ်စဉ်(၅)နှင့် မင်ဝိုယပ်က  Min Woo Hyukအမှတ်စဉ် (၉)မှာ နေရာယူခဲ့ကြပါတယ်။

တစ်ပြိုင်းတည်းမှာပဲ ENAက ထုတ်လုပ်တဲ့  ပါးလ်မွန်း “Pale Moon”ဒရာမာဟာ နံပါတ်(၂) ဒုတိယနေရာက လိုက်လာပြီး အဲဒီစီးရီးရဲ့ အဓိကအမျိုးသမီးသရုပ်ဆောင် ကင်မ်ဆောင်ယွန် Kim Seo Hyung ဟာ နံပါတ်(၇)နေရာချိတ်ခဲ့ပါတယ်။

SBS ရဲ့ “ဒေါက်တာရိုမန်တစ်-၃” “Dr. Romantic 3” က အမှတ်စဉ်(၃)မှာရှိခဲ့ပြီး tvN ရဲ့စီးရီးအသစ် “ဖယ်မလီ” “Family” က နံပါတ်(၄)မှာရှိခဲ့ပါတယ်။ ဖယ်မလီ စီးရီးထဲက သရုပ်ဆောင် ဂျန်နာရာ Jang Nara နှင့် ဂျန်ဟပ် Jang Hyuk တို့ဟာ သရုပ်ဆောင်အဆင့်မှာ အမှတ်စဉ်(၃)နှင့်(၄) အသီးသီးနေရာချိတ်ခဲ့ပါတယ်။

ဧပြီတတ်ိယပတ်အတွက် ကိုရီးယားဒရာမာတွေထဲက လူကြိုက်အများဆုံး ထိပ်ဆုံး(၁၀)စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။

၁။JTBC “Doctor Cha”

၂။ ENA “Pale Moon”

၃။ SBS “Dr. Romantic 3”

၄။ tvN “Family”

၅။ KBS2 “The Real Has Come!”

၆။ KBS2 “Oasis”

၇။MBC “Joseon Attorney”

၈။ tvN “Stealer: The Treasure Keeper”

၉။KBS2 “Woman in a Veil

၁၀။ SBS “The Secret Romantic Guesthouse”

တစ်ပတ်အတွင်းလူကြိုက်အများဆုံး သရုပ်ဆောင်(၁၀)ဦးစာရင်းက

၁။Uhm Jung Hwa (“Doctor Cha”)

၂။ Kim Byung Chul (“Doctor Cha”)

၃။Jang Nara (“Family”)

၄။Jang Hyuk (“Family”)

၅။Myung Se Bin (“Doctor Cha”)

၆။Baek Jin Hee (“The Real Has Come!”)

၇။Kim Seo Hyung (“Pale Moon”)

၈။Ahn Jae Hyun (“The Real Has Come!”)

၉။Min Woo Hyuk (“Doctor Cha”)

၁၀။Jang Dong Yoon (“Oasis”)

Source: Agencies

#YangonMediaHroup

#Top10_best dramas_Korea

#Top10_best_actors_Korea