Published 19 April 2023

တရုတ်နိုင်ငံ ရှန်ဟိုင်းကားပြပွဲကို ယခုအပတ်တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်တဲ့ BYD ကားပြခန်းမှာ လူအုပ်အကြီးမားဆုံး စုဝေးကြည့်ရှုခဲ့ကြပါတယ်။

ဒီတစ်ပတ်ပြပွဲမှာ BYD ရဲ့ နောက်ဆုံးပေါ်လျှပ်စစ်ကား "Seagull"အမှတ်တံဆိပ်ကို ပြသခဲ့ပါတယ်။ လာကြည့်ကြသူတွေဟာ အဲဒီကားရဲ့လုပ်ဆောင်ချက်တွေအပေါ် အံအားတစ်သင့်ဖြစ်ခဲ့တာမဟုတ်ဘဲ ဘယ်နေရာမဆို ရနိုင်တဲ့ ဈေးအပေါဆုံး လျှပ်စစ်ကားရဲ့ ဈေးနှုန်းတစ်ဝက်ခန့်နှင့် Seagull ကိုရောင်းချပေးလို့ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ကားရောင်းဈေးက ဒေါ်လာ ၁၁၃,၀၀ (ယွမ်၇၈,၀၀၀) သာဖြစ်ပါတယ်။

“ဒါ ကျွန်တော်လိုချင်တဲ့ကားမျိုးပဲ။ အိမ်နှင့်ရုံးအသွားအပြန်အတော်ပဲ။ ဘာမှစီမံစရာမလိုဘူး။ ဘက်ထရီကိုသုံးရုံပဲ။ ပြီးတော့ ဈေးကလည်း အတော့်ကိုသက်သာတယ်” လို့ ကားပြပွဲလာသူ ကြေငြာလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၈နှစ် အရွယ် ဖန်ယူဟောင်းက ပြောပါတယ်။

ယခုကားကို ၁၉၀မိုင်နှင့် ၂၅၂မိုင်ဆိုပြီး ပုံစံနှစ်မျိုးနှင့်ထုတ်လုပ်ပါတယ်။  အမြန်အားသွင်းစနစ်က မိနစ်၃၀အတွင်း ကား ဘက်ထရီရဲ့ ၃၀ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားပြည့်စေနိုင်ပါတယ်လို့ BYD ကပြောပါတယ်။ ကားကို လစ်သီယမ်အိုင်ရွန်းဖော့စ်ဖိတ် BYD ဘလိပ်ဘက်ထရီဖြင့် မောင်းနှင်ပေးတာဖြစ်ပါတယ်။

ဒီကားစတင်ရောင်းချပြီးနောက် ခြောက်လအတွင်းမှာ Seagull ဟာ တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား ဖြစ်လာလိမ့်မယ်လို့ ရှန်ဟိုင်းအခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ အော်တိုမိုဘီလတီရဲ့ စီအီးအို ဘီလ်ရပ်ဆိုက ခန့်မှန်းပါတယ်။

“  တန်လို့ဝယ်ယူကြမှာဖြစ်လို့ ဒီကားဟာ ဈေးကွက်ကြီးတစ်ခုလုံးကို ပြန်လည်အနက်ဖွင့်ဆိုလိမ့်မယ်” လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံကားထုတ်လုပ်သူတွေဟာ ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ရဲ့ အားသာတဲ့ ရှုခင်းပုံစံကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။အဲဒီအထဲမှာ BYD လည်းပါဝင်ပြီး သူတို့ဟာ ပြည်ပတင်ပို့မှုကိုတိုးမြှင့်ခြင်းဖြင့် ပြည်တွင်း ကားဈေးနှုန်းတွေက ချပေးဖို့အဆင်သင့်ဖြစ်နေပါတယ်။

“ ဘယ်နေရာက ဘယ်သူမဆို ဝယ်ယူနိုင်တဲ့ ဈေးဖြစ်လို့ ထွန်းသစ်စဈေးကွက်၊အမေရိကန် ဒါမှမဟုတ်ဥရောပ ဘယ်မှာပဲဖြစ်ဖြစ် ဒီလိုဝယ်ရတန်တဲ့ကားမျိုးကို ရောင်းပေးကြမှာပဲ” လို့ သူကပြောကြားလိုက်ပါတယ်။

Source: Reuters

#BYD_Seagull

#ရှန်ဟိုင်းကားပြပွဲ

#YangonMediaGroup