Published 3 April 2023

ဆိုရှယ်မီဒီယာ TikTok တစ်တော့ခ်ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အစိုးရဝန်ထမ်းတွေကိုပေးထားတဲ့ ဖုန်းတွေမှာ အသုံးပြု ခွင့် တရားဝင်ပိတ်ပင်လိုက်တယ်လို့ နေတိုးအရာရှိနှစ်ဦးကပြောကြားပါတယ်။

အခုလိုတစ်တော့ခ်တားဆီးလိုက်တာကို အကြောင်းကြားတဲ့ ရုံးတွင်းလှည့်လည်စာကို ဝန်ထမ်းတွေဆီပေးပို့ခဲ့တယ်လို့ အရာရှိတွေက အတည်ပြုပြောကြားခဲ့ကြပါတယ်။ ဒီလိုပိတ်ပင်လိုက်ပေမယ့်လည်း နေတိုးကထုတ်ပေးထားတဲ့ ဖုန်းတွေမှာ ယခင်ကတည်းက နည်းပညာအရအကန့်အသတ်လုပ်ထားလို့ သိပ်ပြီးသုံးလေ့မရှိဘူးလို့အရာရှိတွေက ပြောပါတယ်။

တစ်တော့ခ်ကို ယူကေ၊အမေရိကန်၊ဥရောပပါလီမာန်နှင့် နော်ဝေးတို့မှာ အစိုးရ ဖုန်းတွေမှာ အသုံးပြုခွင့် ပိတ်ထားပြီး ဖြစ်ပါတယ်။

တစ်တော့ရဲ့စီအီးအို ရှောင်ချူးက သူတို့ဟာ တရုတ်အစိုးရနှင့်မသက်ဆိုင်ဘဲ လုံးဝလွတ်လပ်ကြောင်းနှင့် တရုတ်အစိုးရဟာ အချက်အလက်တွေဝင်ကြည့်တယ်ဆိုတာလည်း ဘာသက်သေအထောက်အထားမှမရှိကြောင်း၊ တစ်ကြိမ်တစ်ခါမှလည်း အစိုးရက အချက်အလက်တောင်းမကြည့်ဘူးသလို တစ်ခါမှလည်းမပေးဖူးကြောင်း အမေရိကန်လွှတ်တော်အမတ်တွေကို ဒီလစောစောပိုင်းက ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့် အနောက်အစိုးရတွေက သံသယရှိနေကြတုန်းဖြစ်ပြီး တစ်တော့ခ်ဟာ နစ်တည်းမဟုတ်တစ်နည်း အဆုံးသတ် သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကန်က ဒီလစောစောပိုင်း တစ်တော့စီအီးအိုကြားနာတဲ့ ရက်နှင့်တစ်ရက်တည်းမှာ ကွန်ဂရက်ကို ပြောခဲ့ပါတယ်။

Source WION

#နေတိုးနိုင်ငံအစိုးရဝန်ထမ်းဖုံးများတွင်တစ်တော့ခ်ပိတ်

#တစ်တော့_TikTok

#YangonMediaGroup