#Ukraine_Crisis
Published 8 February 2023

 

ရုရှားတို့က အသစ်စုဆောင်းထားတဲ့ တပ်သားသောင်းချီခေါ်ဆောင်လာကာ ယူကရိန်းအရှေ့ဘက်ပိုင်းမှာ ဆောင်းတွင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ဆောင်ရွက်လာပါတယ်။

 

ရုရှားက ယူကရိန်းအရှေ့မြောက်ဘက်နဲ့ တောင်ဘက်တို့ကို တိုက်ခိုက်လာမယ်လို့ ယူကရိန်းတို့ကခန့်မှန်းထားပါတယ်။

 

၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်သား ၁,၀၃၀ သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က အင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။

 

ဒါကို ပြင်ပကနေသီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးသလို ရုရှားတို့ကလည်း ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ယူကရိန်းဘက်မှ ၆,၅၀၀ ခန့် အသေအပျောက်ရှိခဲ့ကြောင်း ဆိုလိုက်ပါတယ်။

 

ရုရှားတို့က ယူကရိန်းအရှေ့မြောက်ဘက်ခါကိဗ် ဒါမှမဟုတ် တောင်ဘက်ဇာပိုရစ်ဇီယာတို့ကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်း၊ သူတို့ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာက ယူကရိန်းအပေါ်မူတည်ကြောင်း ယူကရိန်းနိုင်ငံတော်လုံခြုံရေးအကြီးအကဲ 'အိုလက်ဆီဒန်နီလော့ဗ်'က အင်္ဂါနေ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

ခါကိဗ်ရှိ မြို့ရွာပေါင်း ၃၀ ကျော်နဲ့ ဇာပိုရစ်ဇီယာရှိ ရပ်ကွက် ၂၀ ခန့် မီးလောင်စွဲခဲ့ကြောင်း ယူကရိန်းလက်နက်ကိုင်တပ်တွေက အင်္ဂါနေ့ညနေခင်းမှာ ‌ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ' အပါအဝင်ထိပ်သီးအရာရှိများက ပြောကြားရာမှာ ရုရှားက သူတို့လူမျိုးတွေရှေ့မှာ ကြီးကြီးမားမားလုပ်ပြချင်နေကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ကျူးကျော်မှုတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အသစ်ခေါ်ယူထားတဲ့တပ်တွေနဲ့ နောက်ထပ်တိုက်ခိုက်မှုကြီးတစ်ရပ် ပြုလုပ်ဖို့ကြိုးစားလာမှာဖြစ်ကြောင်း ဆိုပါတယ်။

 

မနှစ်က ယူကရိန်းမြို့‌တော်ကို ရုရှားတို့မသိမ်းပိုက်နိုင်ခဲ့ဘဲ ၂၀၂၂ ဒုတိယနှစ်ဝက်မှာလည်း မြေပြင်ဆုံးရှုံးလာခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တပ်သားခေါ်ယူခဲ့ကာ တပ်သားပေါင်းသိန်းသောင်းချီ အသုံးပြုလာမှာဖြစ်ပါတယ်။

 

ရရှားဘက်က ထောင်ပေါင်းများစွာ သေဆုံးထားပေမယ့် ယူကရိန်းရဲ့ အဓိကနေရာကြီးတွေ တစ်ခုမှမသိမ်းပိုက်နိုင်ခဲ့ပါဘူး။

 

ရုရှားတို့က ယင်းတို့ပိုင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဒိုနက်စ်နဲ့ လူဟန့်စ်ဒေသတွေကို အလိုရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

 

Source: Reuters
#Yangon_Media_Group