Published 4 Feb 2023

နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး  နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့  မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။

အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။

ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။

 

Source AFP

#ASEAN_Foreing_Ministers_Meeting_Jakarta

#ASEAN_Chiar_Indonesia

#ASEAN_Myanmar